ပထမဆုံး ဂူသွင်း

September 26, 2020

အမေရိကန်တရားရုံးချုပ် တရားသူကြီး၏ရုပ်ကလပ်ကို လွှတ်တော်အဆောက်အအုံတွင် ပထမဆုံး ဂူသွင်း

ကွယ်လွန်သူ အမေရိကန် တရားရုံးချုပ် တရားသူကြီး ရုသ်ဘေဒါဂင်စ်ဘာ့ဂ်ဟာ စက်တင်ဘာ ၂၅ ရက်က လွှတ်တော်အဆောက်အအုံ အဝိုင်းခန်းမအတွင်း ပထမဆုံး ဂူသွင်း မြှုပ်နှံခံရတဲ့ အမျိုးသမီးနဲ့  ဂျူးလူမျိုး ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းက တရားရုံးချုပ်မှာ အားထားရတဲ့ လစ်ဘရယ်တစ်ဦးဖြစ်တဲ့ ဂင်စ်ဘာ့ဂ်ဟာ စက်တင်ဘာ ၁၈ ရက်က အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။   ကျား၊ မ တန်းတူ ညီမျှရေးအတွက် တိုက်ပွဲဝင်တဲ့ တရားရေး ဝန်ထမ်းအဖြစ် ကာလရှည် တာဝန်ထမ်းခဲ့ပြီးနောက် ဂင်စ်ဘာ့ဂ်ဟာ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ အထူးသဖြင့် မိန်းကလေးငယ်တွေရဲ့  စံပြပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၅  ရက်က ပြုလုပ်တဲ့ အခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တဲ့အတွက် ဧည့်သည်အကန့်အသတ်နဲ့သာ တက်ရောက်ခွင့်ပြုခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up