တိုက်စစ်မှူး ဝိန်းရွန်းနီဟာ အင်္ဂလန်မြေကို ပြန်လည်အခြေချပြီးချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
လူတန်အသင်းကို အဝေးကွင်းမှာ သွားရောက်ကစားပြီး ၃ ဂိုး၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒါဘီကောင်တီအသင်းအတွက် ရွန်းနီအနေနဲ့ တဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက အဲဗာတန်အသင်းနဲ့ အင်္ဂလန်မြေမှာ နောက်ဆုံးသွင်းဂိုး သွင်းယူပြီး ၇၇၁ ရက်အကြာမှာ ပြန်လည်ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရွန်းနီဟာ ဒါဘီကောင်တီအသင်းမှာ ကစားသမားနည်းပြတာဝန်ကို ယူထားပြီး အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။
1 year Ago