ပထမဆုံး ကူးစက်ခံရသည့်ခွေး

A d v e r t i s e m e n t With Us

March 18, 2020

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသည့်ခွေးလေး သေဆုံး

ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကမ္ဘာ့ပထမဆုံးခွေးလို့ သိထားတဲ့ ခွေးလေးဟာ ရောဂါက နေပြန်ကောင်းလာပြီးနောက် မတ် ၁၇ ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ နယူးယောက်ပို့စ်သတင်းစာက ဟောင်ကောင်မီဒီယာတွေကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။  ရိုက်တာသတင်းမှာ ဖော်ပြတဲ့ပုံအရ အသက် ၁၇ နှစ်သားအရွယ်ရှိတဲ့ ဒီခွေးလေးဟာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ ပိုင်ရှင်ဖြစ်သူဆီက ကူးစက်ခံခဲ့ရတာပါ။ သူ့မှာ ဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် မတ် ၁၆ ရက်က သေဆုံးသွားခဲ့တာပါ။ ပိုင်ရှင်ဖြစ်သူအမျိုးသမီးဟာ အစိုးရရဲ့ သီးခြားခွဲထုတ်ကုသမှုကို ခံယူခဲ့ပြီးနောက် ဗိုင်းရပ်စ်ကင်းစင် ပြန်ကောင်းလာခဲ့ပေမယ့် သူ့ခွေးလေး သေဆုံးသွားတာကိုတော့ ဟောင်ကောင် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့ တောရိုင်းထိန်းသိမ်းရေးဌာန (AFCD) ကို ခွဲစိတ်စစ်ဆေးဖို့ ခွင့်မပြုဘူး ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ခွေးအလောင်းကို သွေးစစ်ဆေးချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရတာ မဟုတ်ဘူးလို့ ပြောပါတယ်။  ဒီခွေးလေးဟာ လူသားကနေ တိရစ္ဆာန်ဆီကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်တဲ့ ပထမဆုံးခွေးလေးဖြစ်ပြီး ဟောင်ကောင် ကျန်းမာရေးအာဏာပိုင်တွေက သူ့ပိုင်ရှင်အမျိုးသမီးဟာ ဗိုင်းရပ်စ်ဖြစ်ခဲ့ပေမယ့် အားပျော့တဲ့အဆင့်ပဲ ကူးစက်ခံခဲ့ရတာလို့ ယုံကြည်နေပါတယ်။ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဆောင်ဖြန့်ဖြူးနိုင်စွမ်းမရှိဘဲ လူကနေသာ ကူးစက်ခံရတယ်လို့ ဟောင်ကောင်နဲ့ အမေရိကန် ကျန်းမာရေးအာဏာပိုင်တွေက သတ်မှတ်ထားတယ်လို့ နယူးယောက်ပို့စ် သတင်းစာက ရေးသားထားပါတယ်။
12 months Ago
Up