ပထမဆုံးပြသ

October 14, 2017

တရုတ်တွင် ပန်ဒါဝက်ဝံပေါက်ကလေး ၃၆ ကောင်အား ပထမဆုံးပြသ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ  ပန်ဒါဝက်ဝံကာကွယ်စောင့်ရှောက်ရေးစင်တာမှာ အခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ပန်ဒါဝက်ဝံပေါက်လေး ၃၆ ကောင်ကို အောက်တိုဘာ ၁၃ ရက်နေ့က ပထမဆုံးအကြိမ် ပရိသတ်ရှေ့ထုတ်ပြခဲ့ပါတယ်။ သူတို့အားလုံးဟာ တစ်လကနေ ငါးလအရွယ် ၀က်ဝံပေါက်လေးတွေဖြစ်ပါတယ်။ ၂၀၁၇ တနှစ်တည်းမှာတင် အဖြူနဲ့အနက်ကြား ပန်ဒါဝက်ပေါက် ၄၂ ကောင်မွေးဖွားခဲ့ပြီး အဲဒီအထဲက အကောင် ၃၀ ဟာ အမြွှာလေးတွေဖြစ်တယ်လို့ တရုတ်အစိုးရ ရုပ်သံဌာန CCTV က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up