ပထမဆုံးအကြိမ်

August 22, 2021

၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက်ဖြစ်ခဲ့သည့် ဘန်လေပွဲထွက် စာရင်း

လီဗာပူးကို ၂ ဂိုးဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘန်လေအသင်းက ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက် ပွဲထွက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ 

ဘန်လေနည်းပြ ဆမ်ဒိုက်ချ်ဟာ ရှေးရိုးအစဉ်အလာကစားကွက်လို့ဆိုကြတဲ့ ၄-၄-၂ ကစားကွက်မှာ နံပါတ် ၁ ကနေ ၁၁  အထိ အစဉ်အလိုက်ဝတ်ဆင်ကြတဲ့ ကစားသမား ၁၁ ဦးကို ပွဲထွက်ကစားစေခဲ့တာပါ။ 

ပရီးမီးယားလိဂ် အသင်းတွေအပါအဝင် ဘောလုံးအသင်းတိုင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကျောနံပါတ် ၁ ကနေ ၁၁ အစဉ်လိုက်ဝတ်ဆင်တဲ့ ကစားသမားတွေကိုအသုံးပြုလေ့မရှိကြပါဘူး။ 

လီဗာပူးနဲ့ပွဲမှာ ဘန်လေ အသင်းက ထူးထူးခြားခြား နံပါတ် ၁ ကနေ ၁၁ အစဉ်လိုက် အသုံးပြုသွားခဲ့ပြီး ၁၉၉၈ ခုနှစ်က ချာတန်အသင်းပြီးရင် ပရီးမီးယားလိဂ်မှာ ပထမဆုံးအသုံးပြုတဲ့ အသင်းဖြစ်လာခဲ့တာပါ။ 

ဘန်လေအသင်းရဲ့ ထူးခြားတဲ့ပွဲထွက်လူစာရင်းအပေါ် ပရိသတ်တွေကလည်း တွစ်တာကနေ ထုတ်ဖော်ရေးသားခဲ့ကြပြီး လှပတဲ့နေရာ ချထားမှုဖြစ်တယ်လို့ ချီးကျူးခဲ့ကြပါတယ်။ 

ဘန်လေအသင်းဟာ ဂိုးသမားနစ်ပုတ်ကို နံပါတ်တစ်၊ နောက်ခံအစွန်လူနှစ်ဦးက နံပါတ် ၂ နဲ့ ၃၊ ဗဟိုနောက်ခံလူနှစ်ဦးက နံပါတ် ၅ နဲ့ ၆၊ တောင်ပံကစားသမားနှစ်ဦးက နံပါတ် ၇ နဲ့ ၁၁၊ ကွင်းလယ်လူနှစ်ဦးက နံပါတ် ၄ နဲ့ ၈၊ တိုက်စစ်မှူးနှစ်ဦးက နံပါတ် ၉ နဲ့ ၁၀ ဝတ်ဆင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ 

5 months Ago

May 27, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး အမေရိကန်တွင် ပထမဆုံးအကြိမ် လူသားဖြင့် စမ်းသပ်

အမေရိကန် ကာကွယ်ဆေးကုမ္ပဏီ နိုဗာဗက်စ်ဟာ မေ ၂၆ ရက်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံးအကြိမ် လူသားနဲ့ စမ်းသပ်နေပါပြီ။ ကာကွယ်ဆေးစမ်းသပ်ခံမယ့် လူပုဂ္ဂိုလ်တွေကို စာရင်းသွင်းထားပြီး ကနဦးရလဒ်တွေကို  ဇူလိုင်လမှာ ထုတ်ပြန်ဖို့ နိုဗာဗက်စ်က ရက်သတ်မှတ်ထားပါတယ်။ ဆေးကုမ္ပဏီတွေက တခြားရောဂါတွေအတွက် ကာကွယ်ဆေး စမ်းသပ်တာကို ခေတ္တရပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပြိုင်ရှာနေချိန်မှာ မေရီလင်းပြည်နယ် အခြေစိုက်ကုမ္ပဏီ နိုဗာဗက်စ်က အခုလို ကြေညာလိုက်တာပါ။ NVX-CoV2373  ဆိုတဲ့ စမ်းသပ်ကာကွယ်ဆေးကို အကူဆေး Matrix-M နဲ့အတူထိုးပြီး ကိုယ်ခံစွမ်းအားကို  မြှင့်တင်ပေးမယ်လို့  နိုဗာဗက်စ်က ဧပြီလမှာ ပြောခဲ့ ပါတယ်။  ဒီစမ်းသပ်မှုကနေ ကနဦးရောဂါပြီး  ပဋိပစ္စည်းတွေနဲ့  ဘေးကင်းရလဒ်တွေကို မျှော်လင့်ထားတယ်လို့  နိုဗာဗက်စ်က ပြောဆိုထားပြီး ဇူလိုင်လအတွင်း သြစတြေးလျမှာလုပ်မယ့် ကာကွယ်ဆေး စမ်းသပ်မှုမှာ   စေတနာ့ဝန်ထမ်း ၁၀၀ ကျော် ပါဝင်ပါတယ်။ ကမ္ဘာတဝန်း လူပေါင်း ၅ ဒသမ  ၃ သန်းမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သေဆုံးသူ ၃၄၃,၀၀၀ ကျော် ရှိတယ်လို့လည်း   ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
2 years Ago
Up