ပထမဆုံးသွားရောက်

A d v e r t i s e m e n t With Us

November 20, 2020

ပါကစ္စတန်ဝန်ကြီးချုပ်  အာဖဂန်သို့ ပထမဆုံးသွားရောက်

အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်ပြီး အကြမ်းဖက်မှု မြင့်တက်နေချိန်မှာပဲ  နိုဝင်ဘာ ၁၉ ရက်က  ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းဟာ  အာဖဂန်ကို ရောက်ရှိလာပါတယ်။  ဒါဟာ ပါကစ္စတန်ဝန်ကြီးချုပ်ခန်း ရာထူးလက်ခံပြီးနောက်ပိုင်း အာဖဂန်ကို ပထမဆုံ; လာရောက်တာပါ။   နောက်ပြီး ဒါဟာ အာဖဂန်အစိုးရနဲ့တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ပြီးနောက်ပိုင်း ပါကစ္စတန်ထိပ်တန်းခေါင်းဆောင် တစ်ဦးရဲ့  ခရီးစဉ်လည်း ဖြစ်ပါတယ်။ မြို့တော် ကဘူးလ်မှာ  ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းနဲ့ အာဖဂန် သမ္မတ အာရှက်ဂါနီ တို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်၊ လာမယ့်ဇန်နဝါရီလလယ်မှာ အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ၄,၅၀၀ ကနေ ၂,၅၀၀ အထိ လျှော့ချမယ်လို့  ပင်တဂွန်က ကြေညာပြီး ရက်အနည်းငယ်အကြာမှာ  ပါကစ္စတန်နဲ့အာဖဂန် ခေါင်းဆောင် နှစ်ဦး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။  အကြမ်းဖက်မှုဟာ အဖြေမဟုတ်ဘဲ   နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းရမယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် ခန်းက ပြောဆိုတယ် ဆိုပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အာဖဂန် သမ္မတ ဂါနီက ပြောပါတယ်။  ဒါ့အပြင်   အာဖဂန်အပစ်အခတ်ရပ်စဲရေးအတွက် ပါကစ္စတန်ဘက်က ဖြစ်နိုင်သမျှ လုပ်ဖို့ အသင့်ရှိတယ်ဆိုပြီးလည်း  ဝန်ကြီးချုပ် ခန်းက သမ္မတ ဂါနီကို  အာမခံခဲ့ပါတယ်။
2 months Ago
Up