ပထမဆုံးရောက်ရှိ

January 19, 2020

အပျော်စီးသင်္ဘောတစီး တောမီးသင့် ကန်ဂရူးကျွန်းသို့ ပထမဆုံးရောက်ရှိ

သြစတြေးလျနိုင်ငံရှိ တောမီးဒဏ်သင့် ကန်ဂရူးကျွန်းက ဒေသခံတွေအတွက် အလွန်လိုအပ်နေတဲ့ စီးပွားရေးမြှင့်တင်မှုတွေ ပြန်လည်လုပ်ဆောင်ဖို့ နိုင်ငံခြားသားဧည့်သည်တွေကို တင်ဆောင်လာတဲ့ ပထမဆုံး အပျော်စီးသင်္ဘောဟာ ဇန်နဝါရီ ၁၉ ရက်မှာ ပြန်ရောက်လာပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကျော်ကြားတဲ့ ကန်ဂရူးကျွန်းမှာ လောင်ကျွမ်းတဲ့ တောမီးကြောင့် လူ ၂၉ ယောက်နဲ့ သန်းနဲ့ချီတဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့ရပြီး မြေဟက်တာ ၂ သိန်းကျော်လည်း မီးသင့်ပျက်စီးခဲ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် တိရစ္ဆာန်မျိုးစိတ်တွေအတွက် အန္တရာယ်ရှိနေပါတယ်။ သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးမှာ ခရီးသွားလုပ်ငန်းဟာ အရေးပါတဲ့ကဏ္ဍတခု ဖြစ်ပြီး အဲဒီကနေ ဒေါ်လာ ၇၆ သန်း ဝင်ငွေရရှိလိမ့်မယ်လို့ အစိုးရက ပြောပါတယ်။ အဓိကကျတဲ့ နိုင်ငံတကာဈေးကွက်တွေကနေ အကြိုစာရင်းပေးထားတာတွေမှာ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းကြား ကျဆင်းသွားပြီး သြစတြေးလျရှိ အလုပ်အကိုင် ၁၃ မျိုးမှာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအပေါ် မူတည်နေတယ်လို့ တောမီး စလောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ဖွင့်လိုက်တဲ့ ကန်ဂရူးကျွန်းရဲ့ ပန်နီရှောဈေးတွေကို လာရောက်ခဲ့တဲ့ ခရီးသွားဝန်ကြီး ဆိုင်မွန်ဘာမင်ဂန်က ပြောပါတယ်။
1 year Ago
Up