အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသမီးလက်ရွေးစင်အသင်းအတွက် သမိုင်းတလျှောက် ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် ဟော်လန်နည်းပြ ဝိချ်မန်းကို ခန့်အပ်လိုက်ပါတယ်။
လက်ရှိ ဟော်လန်အမျိုးသမီးအသင်းနည်းပြ ဆရီနာဝိချ်မန်းကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အင်္ဂလန်နည်းပြ ဖီးလ်နဗီးလ် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အစားထိုး တာဝန်ယူသွားရမှာပါ။
မန်ယူနောက်ခံလူဟောင်း ဖီလ်နဗီးလ်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အဲဒီအချိန်မှာ ဝိချ်မန်းက စတင်တာဝန်ယူမှာပါ။
အသက် ၅၀ နှစ်ရှိ ဟော်လန်နည်းပြ ဝိချ်မန်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၁၇ ယူရိုပြိုင်ပွဲမှာ ဟော်လန်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်ခဲ့ပြီး ပြင်သစ် ကမ္ဘာ့ဖလားမှာလည်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အမျိုးသမီးဘောလုံးလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှု အများဆုံးရှိရာ အင်္ဂလန်အသင်းကို ကိုင်တွယ်ခွင့်ရလို့ ဂုဏ်ယူကြောင်း ဝိချ်မန်းက ပြောပါတယ်။
သူဟာ ဟော်လန်အသင်းနဲ့အတူ အိုလံပစ်ပွဲအတွက် ဆက်လက်တာဝန်ယူရမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလရောက်မှ အင်္ဂလန်အသင်းကို စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။
7 months Ago