ပထမဆုံးကြေညာ

May 16, 2020

ကိုရိုနာကပ်ဘေး ပြီးဆုံးကြောင်း ဆလိုဗေးနီးယားနိုင်ငံ ပထမဆုံးကြေညာ

ဆလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြီးဆုံးပြီလို့  မေလ  ၁၄ ရက်မှာ အစိုးရ က  တရားဝင် ကြေညာလိုက်ရာ ကပ်ရောဂါပြီးဆုံးကြောင်း ကြေညာတဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာခဲ့ပါတယ်။    ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း  နေ့စဉ် ကူးစက်သူ ၇ ယောက်အောက် လျော့နည်းတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုခဲ့ပါတယ်။  ဥရောပမှာ ဆလိုဗေးနီးယားရဲ့ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေက အသက်သာဆုံး အနေအ ထားမှာ ရှိတယ်လို့ မေလ ၁၄ ရက်မှာ ဝန်ကြီးချုပ်    ယွန်းနက်စ်ဂျန်ဆာက    ပါလီမန်ကို ပြောကြားခဲ့ပါတယ်။      အီတလီ၊ သြစတြီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား နိုင်ငံတွေနဲ့ ထိစပ်နေပြီး လူဦးရေ နှစ်သန်း ရှိတဲ့ ဆလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၄၀၀ ကျော်ရှိပြီး  သေဆုံးသူ ၁၀၃ ယောက် ရှိပါတယ်။    ဆလိုဗေးနီးယားနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှုကို မတ်လ ၁၂ ရက်က ကြေညာခဲ့ပြီး  မတ်လ အလယ်ပိုင်းကတည်းက တနိုင်ငံလုံး လော့ဒေါင်းချခဲ့ပါတယ်။   အများပြည်သူဆိုင်ရာနေရာတွေကို ပိတ်ခဲ့သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ကိုလည်း  ပယ်ဖျက်ခဲ့ပါတယ်။  မေလ ၁၅ ရက်က မြို့တော် လူဘလီယာနာမှာ နှာခေါင်းစည်းနဲ့ လက်အိတ်ဝတ်သူတွေ   မရှိသလောက် ဖြစ်နေပြီး အသက် ၈၁ နှစ်အရွယ် ဒေသခံအမျိုးသမီးကတော့  အစိုးရရဲ့ ကပ်ရောဂါ ပြီးဆုံးကြောင်း ကြေညာချက်ဟာ သိပ်ကို စောလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။   
11 months Ago
Up