ပထမဆင့်ကုန်သွယ်ရေ

A d v e r t i s e m e n t With Us

December 27, 2019

တရုတ်နှင့်အမေရိကန်တို့ ပထမအဆင့်ကုန်သွယ်ရေးသဘောတူညီချက်ရ

တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ပထမဆင့်ကုန်သွယ်ရေး သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးလိုက်ကြပြီး နီးစပ်တဲ့ ဆက်ဆံရေးလည်းရှိနေတယ်လို့ တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ လတ်တလော နှစ်ဖက်လုံးက ဥပဒေပိုင်းအရ သုံးသပ်ခြင်း၊ ဘာသာပြန်ဆိုခြင်း၊ စာကြမ်းဖတ်ခြင်းစတဲ့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းပိုင်းတွေ လုပ်ဆောင်နေပြီးတော့ သဘောတူ ချက် လက်မှတ်ရေးထိုးခြင်း နောက်ဆက်တွဲ လုပ်ဆောင်ဖို့လည်း နီးကပ်တဲ့ ဆက်ဆံရေး ရှိပါတယ်လို့ တရုတ်အစိုးရပြောခွင့်ရ မစ္စတာကောင်းဖှုန်းက ပုံမှန်သတင်းရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားတာပါ။ တရုတ်-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သဘောတူ လက်မှတ်ရေးထိုးပွဲလည်း ပြုလုပ်မှာ ဖြစ်တယ်လို့ သမ္မတထရမ့်က ဒီဇင်ဘာ ၂၄ ရက်က ပြောထားပါတယ်။ တရုတ်အစိုးရကတော့ လက်မှတ်ရေးထိုးခြင်းအခမ်းအနားနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အဆင်သင့်ဖြစ်ရင် အများသိအောင် ထုတ်ပြန်ကြေညာမယ်လို့ ပြောထားပါတယ်။
1 year Ago
Up