မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ပထမကမ္ဘာစစ်ပြီးဆုံးခြင်း
Home
ပထမကမ္ဘာစစ်ပြီးဆုံးခြင်း
November 2, 2018
2.4K
ပထမကမ္ဘာစစ်ပြီးဆုံးခြင်း အထိမ်းအမှတ် အနီရောင် ဘိန်းပန်းတုများဖြင့် ဖန်တီးထားသည့် ချိုးငှက်
ဘယ်လ်ဂျီယံနိုင်ငံ ရုက္ခဗေဒဥယျာဉ်တခုမှာ ပထမကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်အဖြစ် အနီရောင် ဘိန်းပန်းတု ထောင်နဲ့ချီ အသုံးပြုပြီး ချိုးငှက်ပုံဖော်ထားတာကို မြင်တွေ့ရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ မိုက်ဇာ စည်ပင်သာယာဒေသရှိ ရုက္ခဗေဒဥယျာဉ်မှာ ပထမကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းမှတ်အနေနဲ့ ဘိန်းပန်းတု ထောင်ချီအသုံးပြုပြီး ချိုးငှက်ပုံစံ သရုပ်ဖော်ထားတာကို အောက်တိုဘာလ ၃၁ ရက်နေ့က မြင်တွေ့ရပါတယ်။
ဒါဟာ စစ်မှုထမ်းတွေကို အောက်မေ့သတိရခြင်း အထိမ်းမှတ်အနေနဲ့ ဗြိတိသျှအင်ပါယာဟောင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ သင်္ကေတဖြစ်ပါတယ်။
“ကျဆုံး စစ်သည်တွေအတွက် အထိမ်းမှတ်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ဘာလို့ဆိုတော့ ဒီလိုစစ်ပွဲမျိုးကို ကျနော်တို့ ထပ်မလိုလားပါဘူး။ ဒါကြောင့်ပဲ ငြိမ်းချမ်းရေး ချိုးရုပ်ပုံ သရုပ်ဖော်တာပါ။ အနီရောင် ဘိန်းပန်း ၅ ထောင်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။” လို့ အနုပညာရှင် ပီတာ ဖရန့်က ပြောပါတယ်။
စစ်တလင်းလို မြေနေရာမှာ ပေါက်ရောက်နိုင်တဲ့ ဘိန်းပန်းတွေဟာ ပထမကမ္ဘာစစ် ကျဆုံး စစ်သည်တွေအတွက် ၁၉၂၀ ၀န်းကျင် ကာလမှာ အထိမ်းအမှတ် သင်္ကေတ ဖြစ်လာခဲ့ပါတယ်။
“အရေးကြီးတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေဟာ ဒီလိုမျိုး ထူးခြားဆန်းသစ်တဲ့ အထိမ်းအမှတ်အရာလေးတွေကနေ အတွေ့ကြုံရနိုင်လို့ပါ။ စစ်ပွဲဖြစ်ခဲ့တာဟာ ၀မ်းနည်းစရာ ကိစ္စတစ်ခု ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဒီလို အနုပညာလက်ရာကနေတဆင့် လူတွေဟာ စစ်ပွဲအထိမ်းမှတ်နဲ့ ထိတွေ့ခွင့်ရလာတယ်” လို့ ကျောင်းသားတဦးဖြစ်သူ ကီလီယန် စတာရီနယ်ရီက ပြောခဲ့ပါတယ်။
အနီးရှိ ရဲတိုက်တခုရဲ့ ခေါင်မိုးပေါ်ကနေ ဒီချိုးငှက်ပုံဖော်ထားတဲ့ ဘိန်းပန်းရှုခင်းကို မြင်တွေ့နိုင်စေဖို့ လာရောက်သူ ဧည့်သည်တွေကို ရဲတိုက်ပေါ် တက်ရောက်ကြည့်ရှုဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ အဆိုပါရဲတိုက်ကို ၁၂ ရာစုက တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။
2 years Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up