ပတ္တယားတွင်

January 7, 2018

ပတ္တယားတွင် အ၀တ်မပါ အမျိုးသမီးတဦး ကွန်ဒိုတိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ပတ္တယားမှာ ကွန်ဒိုအခန်းတခန်းထဲကနေ အဝတ်မပါပဲ အမျိုးသမီးတဦး ပြုတ်ကျသေဆုံးလို့ သူမနဲ့နောက်ဆုံး မြင်ခဲ့တဲ့ နိုင်ငံခြားသားအမျိုးသားကို ရဲတွေက ရှာဖွေနေတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ ပတ္တယား စိုင်ဆောင်လမ်းမကြီး၊ လမ်းသွယ် ၆ က ဘီယာဘားမှာ အလုပ် လုပ်တဲ့ အသက် ၂၆ နှစ်အရွယ် ဝန်နစ်ပါချန်ဟူရာသွန်လို့ ဆိုပါတယ်။ သူမကို ဘန်လာမူအန်ခရိုင်၊ တန်ဘုံနောင်ပရူ ကိုးဇီးဘိ့ခ်ျကွန်ဒိုတိုက်ခန်းနားက လမ်းပေါ်မှာ ဒဏ်ရာအပြင်းအထန်နဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ခြေထောက်တွေနဲ့ လက်တွေ ကျိုးသွားပြီး ကယ်ဆယ်ရေးတွေက ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ ပတ္တယားရဲချုပ် အပီချိုင်ခရော့ပက်က နိုင်ငံခြားသားအမျိုးသားဟာ မစ္စဝန်နစ်ပါအလုပ်လုပ်တဲ့ ဘားကို မသွားခင် သူ့ရဲ့ရည်းစားနဲ့ ရန်ဖြစ်ခဲ့တယ်လို့ သိရကြောင်း၊ အဲ့ဒီနောက်  မစ္စဝန်နစ်ပါကို သူနဲ့အတူအိပ်ဖို့ ကွန်ဒိုတိုက်ခန်းကို ခေါ်သွားတယ်၊ အဲ့ဒီတိုက်ခန်းပေါ်က သူမ ပြုတ်ကျ သေဆုံးတယ်လို့ ပြောပါတယ်။ သုံးပြီးကွန်ဒုံတွေ၊ အဝတ်အစားတွေနဲ့ အမျိုးသမီး ပြုတ်ကျ မသေဆုံးခင် သူတို့ ၂ ဦး အတူအိပ်တယ်ဆိုတာကို သက်သေခံနိုင်တဲ့ အခြားသက်သေတွေ ရဲတွေက တွေ့ခဲ့ပါတယ်၊ ဒါပေမယ့် သေဆုံးမှုမှာ အမည်မဖော်ပြတဲ့ နိုင်ငံခြားသားအမျိုးသား ပါဝင် ပက်သက်မှု ရှိ မရှိဆိုတာကို စုံစမ်းရေးအရာရှိတွေက မပြောပါဘူး။ ကွန်ဒိုတိုက်ခန်းရဲ့ လုံခြုံရေး ကရီရန်ဆက်ခမာဟာချိုင်က သူ တိုက်ရဲ့ ဂိတ်ပေါက်မှာ ထိုင်နေတုန်း အသံကျယ်ကြီးကြားတယ်၊ စစ်ဆေးဖို့သွားကြည့်တော့ အမျိုးသမီးက သွေးအိုင်ထဲ လဲနေတယ်၊ ဒါကြောင့် ရဲတွေကို ချက်ခြင်း အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ အထပ်မြင့်အဆောက်အအုံရဲ့ ၅ ထပ်အခန်းကနေ အမျိုးသမီး ပြုတ်ကျတာဖြစ်နိုင်တယ်လို့ ရဲတွေက အစောပိုင်းမှာ ယူဆနေပြီး အခန်းကို စစ်ဆေးချိန် အခန်းထဲမှာ ဘယ်သူမှ မတွေ့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

March 9, 2017

ပတ္တယားတွင် ပြည့်တန်ဆာသံသယဖြင့် လိင်ပြောင်းအမျိုးသား ၅၀ ကို ဖမ်းမိ(ရုပ်သံ)

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ ယမန်နေ့ မနက်က  ပြည်တန်ဆာ လုပ်ကိုင်တယ်လို့ သံသယရှိသူ အမျိုးသားကနေ အမျိုးသမီးအသွင် လိင်ပြောင်းထားတဲ့ အယောက် ၅၀ ကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း သတင်းမှာ ဖော်ပြပါတယ်။ ပတ္တယားကမ်းခြေဒေသဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား လာရောက်လည်ပတ်ေ လ့ရှိတဲ့ အတွက် သူတို့လုံခြုံရေးအတွက်ရော၊ နယ်မြေတွင်း ခိုးမှု ၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု စတဲ့ မကောင်း မှုဒုစရိုက်တွေ ကင်းစင်စေဖို့ လိုက်လံစစ်ဆေးရှင်းလင်းနေရာမှာ မတ်လ ၈ ရက်မနက်ပိုင်းက ပတ္တ ယားတောင်ပိုင်း ဘိုခေါဝ်လမ်းနဲ့ ဝေါ့ခ်ကင်းစထရိ လမ်းထဲမှာ နိုင်ငံခြားသားတွေကို ပြန်တန်ဆာ ၀န်ဆောင်မှုပေးသူလို့  သံသယရှိသူ ၅၀ ဦးကို ဖမ်းဆီးရမိခဲ့တာလို့  ချွန်းပူးရီးနယ်မြေရဲစခန်း ရဲမှူးကြီး အဘိချိုင်း ကွပ်ဖစ်ခ်ျက မတ်လ ၈ ရက် မနက် ၈ နာရီအချိန် သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။ သူတို့တွေဟာ  တချို့က ကာရာအိုခေဆိုင် ၊ အရက်ဆိုင် ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေပြီး တချို့ကေ တာ့ တခြားကနေ လာရောကိကျက်စားနေတာဖြစ်ကြောင်း ၊ သူတို့ ၅၀ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ စစ်ဆေးရာမှာ ၂ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲတာရှိပြီး တချို့မှာ ပြည်တန်ဆာ လုပ်ခဲ့တဲ့ အထောက်အေ ထားတွေရှိတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။ သူတို့အားလုံးရဲ့ ကိုယ်ရေးရာဇ၀င်ကို ရဲစခန်းက ရယူထားပြီး ကမ်းခြေတလျှောက် ရာဇ၀တ်မှု နှိမ်နင်းရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့  သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
5 years Ago
Up