ချဲလ်ဆီးတောင်ပံတိုက်စစ်မှူး ပတ်ဒရိုဟာ အသင်းနဲ့ ရာသီကုန်အထိ ဆက်ကစားဖို့ ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
စပိန်ကစားသမား ပတ်ဒရိုဟာ ဇွန်လအကုန် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ရာသီကုန် အထိ ကာလတိုစာချုပ်ချုပ်ဆိုဖို့ ချဲလ်ဆီးအသင်းက ကမ်းလှမ်းထားတာပါ။
အဲဒီကမ်းလှမ်းချက်ကို ပတ်ဒရိုက လက်မခံခဲ့ဘဲ စီးရီးအေကလပ်ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ရိုးမားအသင်းဟာ ပတ်ဒရိုကို တစ်ပတ်လုပ်ခပေါင် ၅ သောင်း ၆ ထောင်နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ဇွန်လမကုန်ခင်မှာ ဗီလာ၊ မန်စီးတီး၊ လက်စတာအသင်းတွေနဲ့ ကစားရ မှာဖြစ်ပြီး ပတ်ဒရိုရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။
ချဲလ်ဆီးအသင်းဟာ တခြားတောင်ပံကစားသမားဖြစ်သူ ဝီလီယံကိုတော့ ရာသီကုန်အထိ ကာလတိုစာချုပ်နဲ့ သက်တမ်းတိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
9 months Ago