ပတ်ဂျီဆန်

October 4, 2021

ကိုရီးယားလူမျိုးကို ထိခိုက်စေသည့်သီချင်းသီဆိုပြီး အားမပေးရန် မန်ယူပရိသတ်ကို ပတ်ဂျီဆန် တိုက်တွန်း

မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်တွေအနေနဲ့ ကိုရီယားလူမျိုးတွေကို ထိခိုက်စေတဲ့ စာသား ပါဝင်တဲ့သီချင်းကို သီဆိုပြီး အားမပေးကြဖို့ တိုက်စစ်မှူးဟောင်း ပတ်ဂျီဆန်က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ဝုဗ်အသင်းပွဲစဉ် မစတင်ခင်မှာ ကိုရီးယား တိုက်စစ်မှူးသစ် ဟွမ်ဟီးချန်ကို ဝုဗ်အသင်းက မိတ်ဆက်ခဲ့ချိန်မှာ မန်ယူပရိသတ်တွေက တချိန်တုန်းက ပက်ဂျီဆန်ကို အားပေးခဲ့သလို သီချင်းသီဆိုပြီး ဟွမ်ဟီးချန်ကို အားပေးခဲ့ကြတာပါ။

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေ သီဆိုအားပေးတဲ့ သီချင်းစာသားထဲမှာ ခွေးသားစားတဲ့  ကိစ္စပါဝင်နေပြီး အဲဒီစာသားက ကိုရီးယားလူမျိုးတွေကို ထိခိုက်စေတယ်လို့ ပတ်ဂျီဆန်က ပြောပါ တယ်။

အသက် ၄ဝ ရှိပြီဖြစ်တဲ့ ပတ်ဂျီဆန်ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ မန်ယူအသင်းမှာ ကစားခဲ့ပြီး အဲဒီအချိန်က သီဆိုအားပေးမှုက ကိစ္စမရှိပေမယ့် လက်ရှိခေတ်အခြေအနေမှာတော့ ပြောင်းလဲသွားပြီလို့ ပတ်ဂျီဆန်က ပြောပါတယ်။

ယူနိုက်တက်ပရိသတ်တွေဘက်က ထိခိုက်နစ်နာစေလိုတဲ့သဘော မပါဝင်တာ သိရှိပေမဲ့ လက်ရှိကိုးရီးယားမျိုးဆက်တွေမှာတော့ ခွေးသားစားတဲ့ကိစ္စ မရှိတော့ဘူးလို့ ပတ်ဂျီဆန်က ရှင်းပြပါတယ်။

တိုက်စစ်မှူး ဟွမ်ဟီးချန်အနေနဲ့လည်း အဲဒီစာသားကြားရတဲ့အချိန်မှာ စိတ်မကောင်းဖြစ်မိမှာဖြစ်တယ်လို့ ပတ်ဂျီဆန်က ရှင်းပြခဲ့ပါတယ်။ 

1 year Ago
Up