ပတ်ဝန်းကျင်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်နှင့် မေးမြန်းချက်

October 29, 2018

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံ နေပြည်တော်တွင် ကျင်းပ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုတွေအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံကို အောက်တိုဘာ ၂၉ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ၂ရက်ကြာ ကျင်းပပါတယ်။ ညီလာခံကို အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတွေ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ဘရာဇီးနိုင်ငံတွေက တရားသူကြီးချုပ်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP)တို့က တာဝန်ရှိသူတွေက တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက “ဒေသဆိုင်ရာ ညီလာခံကြီးက ဆွေးနွေး အကြံပြုချက်တွေကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရာသီဥတု ပြောင်းလဲရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ ပြဿနာတွေအပေါ်မှာ တရားရုံးတွေအနေနဲ့ အခုထက် ပိုမို ကိုင်တွယ်ဖြေရှင်းနိုင်၊ စစ်ဆေးနိုင်စေဖို့ နည်းနာနိဿယတွေ နိုင်ငံတရာစံနှုန်းနဲ့ ကျင့်သုံးမှုတွေ သိရှိလာနိုင်လိမ့်မယ်”လို့ ပြောပါတယ်။ ညီလာခံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ဥပဒေ မူဘောင်တွေအပေါ် စိန်ခေါ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး၊ မြို့ပြတွေ လျင်မြန်စွာ ကျယ်ပြန့်ဖြစ်ထွန်းလာမှုနဲ့ ဆက်စပ်ပုံတွေ၊ တရားစီရင်ရေးဆိုင်ရာ ရှုထောင့်၊ မှုခင်းတွေ စွဲဆိုဆောင်ရွက်ပုံနဲ့ စိန်ခေါ်မှုစတဲ့ ခေါင်းစဉ်တွေနဲ့  ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်လို့ မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)က နိုင်ငံတော် အခြေခံမူများ အခန်း၊ ပုဒ်မ ၄၅ မှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ သစ်တောတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ သဘာဝသယံဇာတတွေ၊ ထိန်းသိမ်းထားတဲ့ နယ်မြေတွေကို ပိုမို ထိရောက်ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ခေတ်နဲ့  လျော်ညီတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ပြောင်းလဲ သတ်မှတ်ပြဋ္ဌာန်းပြီး ဆောင်ရွက်နေပါတယ်။
3 years Ago

January 22, 2018

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု မြန်မာနိုင်ငံမှ ရရှိ

  ကမ္ဘာက အသိအမှတ်ပြုလေးစားရတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဆုတခုဖြစ်တဲ့ ၂ဝ၁၇ ခုနှစ်အတွက် Energy Globe National Award ဆုကို မြန်မာနိုင်ငံ သစ်တောဦးစီးဌာနက တင်သွင်းခဲ့တဲ့  ရိုးစုံဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောက ရရှိသွားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။ အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့တဲ့ (၁၈) ကြိမ်မြောက် Energy Globe Award ဆုပေးပွဲမှာ  မြန်မာနိုင်ငံမှ သစ်တောစီမံအုပ်ချုပ်မှုဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းက ဆုရရှိ သွားတာပါ။ ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ပြည်တွင်းမှာ အောင်မြင်နေတဲ့  အစုအဖွဲ့ပိုင် သစ်တောတွေထဲက မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်ရှိ ရိုးစုံကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောကို ရွေးချယ်ခဲ့တာလို့ဆိုပါတယ်။ ရိုးစုံအစုအဖွဲ့ပိုင်သစ်တောကို အဖွဲ့ဝင် ၈၄ ဦးပါဝင်တဲ့အဖွဲ့က ၂ဝဝ၅ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။   စုစုပေါင်း ဧရိယာ ဧက ၅၅ဝ ကျယ်ဝန်းပြီး သဘာဝတော ဧရိယာ ဧက ၇ဝ ကို ထိန်းသိမ်းကာ ကျန် ဧက ၄၈ဝ ကို အဖွဲ့ဝင် မိသားစုဝင်ဦးတွေ ခွဲဝေကာ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစနစ်နဲ့ ယာသီးနှံအပြင်  လျှော်ဖြူ (ဆေးကုလားမ)ပင်ကို စိုက်ပျိုးလုပ်ကိုင်နေတာပါ။ ၂ဝ၁၇ ခုနှစ် Energy Globe Awardဆုအတွက် နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှ စီမံကိန်းပေါင်း ၂ဝဝဝ ကျော် တင်သွင်းယှဉ်ပြိုင်ခဲ့တဲ့အနက်  အကောင်းဆုံးစီမံကိန်းတွေကို ရွေးချယ် ဆု ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံ-ကြေးမုံ
3 years Ago
Up