ပတ်ကွီရိုနှင့် မေ၀ယ်သာ

May 6, 2015

မေ၀ယ်သာက ပက်ကွီရိုနှင့် နောက်တကြိမ်ထိုးသတ်မည်ဟုဆို

လက်ဝှေ့ကျော် မေ၀ယ်သာက ဖိလပ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုနဲ့ နောက်တကြိမ် ပြန်လည် ထိုးသတ်ဖို့ သဘောတူထားတယ်လို့ အမေရိကန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ပတ်ကွီရိုရဲ့ ပခုံးက ဒဏ်ရာကို ခွဲစိတ်ကုသပြီးတဲ့ တနှစ်အတွင်းမှာ ထိုးသတ်မယ်လို့ မေ၀ယ်သာက ESPN ရုပ်သံ သတင်းထောက်ကို ပြောကြောင်း ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ပက်ကွီရိုရဲ့ ပခုံးဒဏ်ရာကို ခွဲစိတ်ကုသပြီးရင် နောက်တကြိမ် မကျေပွဲနွှဲဖို့ မေ၀ယ်သာက စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။ မေ၀ယ်သာက ထပ်မံ ထိုးသတ်ချင်တဲ့အကြောင်းကို သူတို့ သတင်းထောက်ကို မက်ဆေ့ ပို့လာကြောင်း ESPN အားကစား ရုပ်သံမှာ မေ ၅ ရက်နေ့က ထုတ်လွှင့်သွားပါတယ်။ ပတ်ကွီရိုရဲ့ မွေးရပ်မြေက ပရိတ်သတ် အများစုကလည်း လက်ဝှေ့ပွဲစဉ်ကို ပြန်လည် ထိုးသတ်ဖို့ တောင်းဆိုနေကြပါတယ်။ ဖိလစ်ပိုင် လက်ဝှေ့ကျော်ရဲ့ ဒဏ်ရာဟာ ခွဲစိတ်ပြီးရင် ပြန် ကောင်းဖို့ တနှစ်လောက် အချိန်ယူနိုင်ဖွယ် ရှိနေပါတယ်။ လောလောဆယ်မှာတော့ ဖိလစ်ပိုင် လက်ဝှေ့စတား ပတ်ကွီရိုဟာ ပခုံး ဒဏ်ရာရှိနေတာကို မေ၀ယ်သာနဲ့ ထိုးမယ့် ပွဲမတိုင်ခင် မပြောတဲ့အတွက် လိမ်လည်တယ်ဆိုပြီး တရားစွဲ ခံထားရပါတယ်။ အသက် ၃၈ နှစ်အရွယ် မေ၀ယ်သာကတော့ နောက်ဆုံး စိန်ခေါ်ပွဲအဖြစ် လာမယ့် စက်တင်ဘာလထဲမှာ ထိုးသတ်ဖို့ စီစဉ်ထားပြီး အဲဒီပွဲပြီးရင် လက်ဝှေ့လောကကနေ အနားယူကောင်းယူနိုင်တယ်လို့ ပြောဆိုထားပါတယ်။ သူဟာ လက်ဝှေ့သမား သက်တမ်းတလျှောက်မှာ ၄၈ ပွဲတိတိ ရှုံးပွဲမရှိနဲ့ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ရာစုနှစ်အတွင်း လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ လက်ဝှေ့ပွဲမှာ မေ၀ယ်သာက ပတ်ကီရိုကို ၁၂ ချီမှာ ဒိုင်ဆုံးဖြတ်ချက် အမှတ်အသာနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်ထားပါတယ်။
7 years Ago

ဒိုင်ဆုံးဖြတ်ချက် လက်မခံနိုင်သည့်အတွက် လောင်းကြေးမပေးဟု ကမ္ဘောဒီယားဝန်ကြီးချုပ်ဆို

မေ၀ယ်သာနဲ့ ပတ်ကွီရို တို့ရဲ့ လက်ဝှေ့ စိန်ခေါ်ပွဲမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့အတွက် လောင်းကြေးကို မပေးနိုင်ဘူးလို့ ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆင်က ပြောပါတယ်။ Mayweather-v-Pacquiao-The-Fight (8)မေလ ၂ ရက်နေ့က လက်ဗီးဂတ်မှာ ရာစုနှစ်အတွင်း အကောင်းဆုံး လက်ဝှေ့ စိန်ခေါ်ပွဲကို ပြုလုပ်ခဲ့ပြီး ဟွန်ဆင်က ဖိလစ်ပိုင် လက်ဝှေ့ကျော်ဘက် အမေရိကန် ဒေါ်လာ ၅ ထောင် လောင်းခဲ့တယ်လို့ ဆိုပါတယ်။ ပွဲအပြီးမှာ လက်ဝှေ့ဒိုင် သုံးယောက်စလုံးက မေ၀ဲသာကို အနိုင်ပေးခဲ့လို့ ပရိသတ်တွေ အတော်များများ မကျေမနပ်ဖြစ်ခဲ့ကြသလို ကမ္ဘောဒီယား ၀န်ကြီးချုပ်ကလည်း မမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။ တကယ်တော့ အနိုင်ရသူဟာ ပတ်ကွီရိုပဲ ဖြစ်သင့်တယ်လို့ ဟွန်ဆန်က ပြောတယ်လို့ Cambodia Daily သတင်းစာမှာ ဖော်ပြပါတယ်။ မေ၀ယ်သာ နေရာမှာ ကျနော်ဆိုရင် သရေပွဲအဖြစ် သတ်မှတ်မယ်လို့လည်း ဆိုပါတယ်။ အသက် ၆၂ နှစ်အရွယ် ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို အနှစ် ၃၀ ကျော် အုပ်ချုပ်လာသူ ဖြစ်ပြီး ဘောလုံးဝါသနာအိုးအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားမှာ ဒီလို အလောင်းအစားတွေကို တရားမ၀င် သတ်မှတ်ထားတာကြောင့် လက်ဝှေ့ပွဲ လောင်းကြေး ကိစ္စနဲ့ ပတ်သက်လို့ ဟွန်ဆန်ရဲ့ မှတ်ချက်ဟာ လူမှုကွန်ရက် မီဒီယာပေါ်မှာ ဆွေးနွေးဝေဖန်စရာ ဖြစ်နေပြီး အစိုးရ ပြောခွင့်ရသူက ၀န်ကြီးချုပ်က ဟာသပြောတာပါလို့ တယ်လီဂရပ် သတင်းဌာနကို ပြောပါတယ်။
7 years Ago

May 3, 2015

မေ၀ယ်သာနှင့် ပတ်ကွီရို လက်ဝှေ့ပွဲ အနိုင်ရသူ ရမည့် မြခါးပတ်

မေ၀ယ်သာနဲ့ ပတ်ကွီရိုပွဲအတွက် ကမ္ဘာလက်ဝှေ့ကောင်စီက ခါးပတ်တခု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီခါးပတ်မှာ မြအလုံးပေါင်း ၃၀၁၇ စီချယ်ထားပါတယ်။ ခါးပတ်ကို လုပ်တဲ့အချိန်မှာ တချို့က ကွဲကုန်တဲ့အတွက် မြ အလုံးပေါင်း ၃၅၀၀ လောက် အသုံးပြုခဲ့ရပါတယ်။ ရွှေဂရမ် ၈၀၀ နဲ့  ခါးပတ်က သားရေဟာ ဖရာရီကားတွေမှာ အသုံးပြုတဲ့ သရေနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ တန်ကြေးကတော့ ဒေါ်လာ ၁ သန်းတန်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ရောင်စုံ အလံပေါင်း ၁၆၅ ခုပါပါတယ်။ လက်မှု ပညာရှင်တွေက ဒီခါးပတ်ကို မလုပ်မီ ၂ ပတ်လောက် အစမ်းလေ့ကျင်ပြီးမှ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
7 years Ago
More News
Up