ပတန်ကမ်းခြေ

A d v e r t i s e m e n t With Us

September 11, 2016

ဗုံးပေါက်ကွဲမှုများအပြီး ပတန်ကမ်းခြေတွင် စီစီတီဗွီကင်မရာများ ပိုမိုတပ်ဆင်

နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အလာများသည့်နေရာတွင် လက်တလော ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ပြီးနောက် လုံခြုံရေး ပိုမိုတိုးမြှင့်ဖို့ ပတန်ကမ်းခြေတလျှောက်မှည စီစီတီဗွီ ကင်မရာများ ပိုမိုတပ်ဆင်မည်ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ပတန်ဒေသမြို့တော်ဝန် ချာလာလပ်က် ကစ်ပ်စပ်ပ်(Chalermluck Kepsap) မှ ပတန် မြူနီစီပယ်နယ်မြေ ၁၆.၄ ဧရိယာကီလိုမီတာ အကျယ်အဝန်းမှာ စီစီတီဗွီ အလုံး ၅၀ ကိုပဲ တပ်ဆင်ထားကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။ လက်ရှိ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာအများစုကလည်း ခေတ်မမှီတော့ပါဘူးလို့လဲ ဖြည့်စွက် ပြောခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဌာနတွေ၊ ဟိုတယ်တွေနဲ့ ဈေးဆိုင်တွေကလည်း ဒီနယ်မြေအတွင်း အခြား စီစီတီဗွီကင်မရာတွေကို တပ်ဆင်ထားကြောင်း သိရပါတယ်။ ဒေသအတွင်း လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးရန် ဖူးခက်ဒေသအာဏာပိုင်များမှ သီးခြားဌာနများ၊ လူထုထဲမှ ကိုယ်စားလှယ်များနဲ့ အတူ လက်တလောတွင် အစည်းအဝေးတခုကို ကျင်းပခဲ့ပါတယ်။ ၎င်းတို့ရဲ့ စီစီတီဗွီတွေကို လမ်းတွေဖက်ကို လှည့်ထားဖို့ ဟိုတယ်ဝန်ထမ်းတွေနဲ့ ဈေးဆိုင်တွေကို ပြောကြားခဲ့ရာမှာ သူတို့ဘက်ကလည်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်လို့ မစ္စစ် ချာလာလပ်က်က ပြောခဲ့တာပါ။ ပတန်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် မြို့နယ်အာဏာပိုင်တွေက မြူနီစီပယ် ကောင်စီရဲ့ ငွေကြေးထဲမှ နောက်ထပ် စီစီတီဗွီ အလုံး ၃၀ ထပ်ဝယ်ရန် ဆောင်ရွက်ခဲ့ကြပြီး ဒီစီစီတီဗွီတွေကိုလည်း ပတန်ကမ်းခြေမှာ အဓိက တပ်ဆင်သွားမှာ ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောဆိုပါတယ်။ အကယ်၍ ငွေကြေးခွင့်ပြုချက်ရရင် ဒီကင်မရာတွေကို ချက်ခြင်း တပ်ဆင်သွားမှာ ဖြစ်ကြောင်းလည်း သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ပတန်ကမ်းခြေမြို့ သာဝီ၀မ်(Thawiwong)လမ်းမကြီးရဲ့ လျှောက် လမ်းအဆုံးမှာရှိတဲ့ တာဝန်ကျရဲများ စောင့်ရသည့် ရုံးခန်းငယ်လေးတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး မော်တော်ဆိုင်ကယ်နဲ့ အငှားယာဉ်မောင်းတဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရခဲ့ပါတယ်။ ဒုတိယဗုံးမှာ ထိုလမ်းပေါ်ရှိ လိုမာ(Loma)ကမ်းခြေတွင် ထပ်မံပေါက်ကွဲခဲ့ပြီး ဒဏ်ရာရရှိသူ မရှိကြောင်း သိရပါတယ်။ ဒီဗုံး ၂ လုံးဟာ ချိန်ကိုက်ဗုံးများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
4 years Ago
Up