ပဋိပက္

A d v e r t i s e m e n t With Us

January 6, 2020

အမေရိကန်တိုက်ခိုက်မှုအပြီး အီရတ်နိုင်ငံတလွှား ပဋိပက္ခများ ပေါ်ပေါက်

အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီ နဲ့ အီရတ်ပြည်သူ့စစ် ခေါင်းဆောင် အဘူ မာဒီ အယ်လ် မူဟန်ဒီတို့ကို အမေရိကန်က လုပ်ကြံသတ်ဖြစ်မှုဖြစ်ခဲ့ပြီးနောက် အီရတ်နိုင်ငံတလွှား ဇန်နဝါရီ ၅ ရက်က ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပါတယ်။  ဆူလေမာနီဟာ အီရတ်မြို့တော်ဘဂ္ဂဒက်လေဆိပ်က သူ့ယာဉ်တန်းထဲမှာ ရှိနေချိန် အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုမ်းယာဉ်က တိုက်ခိုက်ခံရလို့ ဇန်နဝါရီ ၃ ရက်မှာ သေဆုံးခဲ့ပါတယ်။  ဒီတိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ အီရန်ကြား နဂိုရှိနေတဲ့ ရန်လိုမှု မီးစတွေ ကနေ အဆုံးရှုံးကြီးမားတဲ့ မီးရှို့မှု ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။  ပြည်သူ့စစ်တွေကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဘတ်စ်ရာမြို့ထဲမှာ သေနတ်နဲ့ ပစ်ခတ်တာတွေထိ ဖြစ်ခဲ့ပါတယ်။  နိုင်ငံတောင်ပိုင်း နတ်စီရီယာမြို့ထဲမှာ ပြည်သူ့စစ်တွေက သပိတ်စခန်းထဲဝင်ဖို့ ကြိုးစားရင်း ပစ်ခတ်မှုဖြစ်ခဲ့လို့ ဆန္ဒပြသူ ၁ ယောက်သေပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။  အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန် ကျဆုံးအပြီး ၁၆ နှစ်တာ ကာလအတွင်း အီရန်ဟာ အီရတ်နိုင်ငံရေးအတွင်း အဓိက သြဇာပွဲစားဖြစ်လာခဲ့သလို အမေရိကန်ထက်ပိုပြီး အီရတ်နိုင်ငံရေးမှာ သြဇာလွှမ်းနိုင်ခဲ့တာပါ။ ကြားခံအုပ်စုသုံး သြဇာလုပွဲတွေကြောင့် သာမန် အီရတ်ပြည်သူတွေက နိုင်ငံရေး ရေပေါ်ဆီ တွေကို ဝေဖန်ရင်း အီရတ်အစိုးရရဲ့ မဟာမိတ် ၂ ဖက်စလုံးကို အလေးမထားဘဲ အီရတ် စီးပွားရေး လိုအပ်ချက်ကို ပိုအာရုံစိုက်ဖို့ ပြောခဲ့ကြပါတယ်။  အီရတ်နိုင်ငံမှာ ရေနံကြွယ်ဝပေမယ့် ပြည်သူအများအပြားက ဆင်းရဲနေပြီး သန့်ရှင်းတဲ့ ရေ၊ လျှပ်စစ်မီး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးတို့ကို အကန့်အသတ်နဲ့သာ လက်လှမ်း မီကြပါတယ်။
1 year Ago
Up