ပဋိညာဉ်စာချုပ်

May 30, 2018

သရက်​မြို့ တူရကီစစ်​သင်္ချိုင်း ပြုပြင်​ထိန်းသိမ်း​ရန် ပဋိညာဉ်​စာချုပ်​ လက်​မှတ်​​ရေးထိုး

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်​မြို့​မြောက်​ဘက်​ နှစ်မိုင်​ခန့်​အကွာမှာ တည်ရှိတဲ့ တူရကီစစ်​သင်္ချိုင်းကို ပြုပြင်​ထိန်းသိမ်းတဲ့လုပ်​ငန်းတွေ လုပ်​​ဆောင်​ဖို့ ​ ပဋိညာဉ်စာချုပ်​ ချုပ်ဆို လိုက်ပါတယ်။ မေလ ၂၉ ရက် ​ည​နေက ရန်​ကုန်​မြို့ရှိ တူရကီသံရုံးမှာ သရက်​မြို့စည်​ပင်​​ကော်​မတီ အတွင်း​ရေးမှူး ဦးသိန်းနိုင်​နဲ့ တူရကီသံအမတ်ကြီး  ကီရမ်ဒီဗန်အယ်ရိုဂလူတို့က အခမ်းအနားနဲ့ သဘောတူ လက်​မှတ်​​ရေးထိုးခဲ့ကြတာပါ။ ၂၀၁၈ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၉ လတာအတွက်​ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ဖို့ သဘောတူလိုက်တာလို့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ သရက်​မြို့ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဦးခင်​​မောင်​စိုးက​ ပြောပါတယ်။ “တူရကီစစ်​သင်္ချိုင်းက ၂၀၁၄ ခု ကတည်းက တူရကီသံရုံးက ပြန်​လည်​ပြုပြင် ​တည်​​ဆောက်​ခဲ့ပြီး ​မြေယာအလှဆင်​ခြင်း၊ ထိန်းသိမ်း​စောင့်​ရှောက်​ခြင်း လုပ်​ငန်းတို့ကို မြို့နယ်​စည်​ပင်​နဲ့ ပူး​ပေါင်း​ဆောင်​ရွက်​ခဲ့ပြီး နှစ်​စဉ်​ဝင်​​ငွေ ၁၅၃​ သိန်း​ကျော်​ သံရုံးက​နေ ရရှိတယ်​။” ပထမကမ္ဘာစစ်​အတွင်းက အီရတ်​၊ ပါလက်​စတိုင်း၊ ဆီးရီးယားနဲ့ အာ​ရေဗီးယားစစ်​​မြေပြင်​မှာ ​အော်​တိုမင်​တပ်​မ​တော်​နဲ့ ဗြိတိသျှတပ်​မ​တော်​တို့ရဲ့ တိုက်​ပွဲတွေအတွင်း ဖမ်းဆီး​ခေါ်​ဆောင်​ခံရပြီး သရက်​မြို့မှာ ကျဆုံးခဲ့သူတွေကို အဆိုပါ တူရကီစစ်​သင်္ချိုင်းမှာ မြှုပ်နှံထားတာ ဖြစ်ပါတယ်​။ ​နေမှူးလူ
3 years Ago
Up