ပညြ်ပက ဝင်လာသူ ၄၁ ဦး

A d v e r t i s e m e n t With Us

March 21, 2020

ပြည်ပက တရုတ်နိုင်ငံ ဝင်လာသူ ၄၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ

တရုတ်နိုင်ငံမှာ ပြည်ပကနေ ဝင်လာတဲ့ ၄၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့ရှိတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးအဖွဲ့က မတ်လ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။  အဲဒီ ၄၁ ဦးဟာ မြို့တော် ဘေဂျင်းမှ ၁၄ ဦး၊ ရှန်ဟိုင်းမြူနီစပယ်ဒေသမှာ ၉ ဦး၊ ဂွမ်ဒေါင်း ပြည်နယ်မှာ ၇ ဦး၊ ဖူကျန်းပြည်နယ်မှာ  ၄ ဦး၊ ဇီကျန်း၊ ရှန်ဒေါင်းနဲ့ ရှန်ဇီးပြည်နယ်တွေမှာ ၂ ဦးစီနဲ့ စီချွမ်ပြည်နယ်က ၁ ဦး တို့ဖြစ်ပါတယ်။   အခုဆိုရင် တရုတ်နိုင်ငံမှာ ပြည်ပကနေ ဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၂၆၉ ဦး ရှိတယ်လို့လည်း စီစီတီဗွီသတင်းက ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံမှာ မတ် ၂၀ ရက်အထိ စုစုပေါင်း သေဆုံးသူ ၃၂၅၅ ဦး ရှိပြီး ၇၁၀,၀၀၀ ကျော်ကတော့ ကုသမှုခံယူပြီး ဆေးရုံကနေ ဆင်းသွားပြီလို့ စီစီတီဗွီ သတင်းက ဖော်ပြပါတယ်။  အခုဆိုရင် တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ပြည်ပကနေ ဝင်လာတဲ့  ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကြုံတွေ့နေရတယ်လို့လည်း ဘီဘီစီသတင်းမှာ   ဖော်ပြပါတယ်။
12 months Ago
Up