ပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေး

June 11, 2015

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက်

မြန်မာနိုင်ငံမှာ အသက်  ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၄ သန်းလောက်ရှိတဲ့အထဲမှာ  ၃ သန်းခွဲကျော်က စာမတတ်ဘူးလို့ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မသင်မနေရ စနစ်ဖြစ်တဲ့ မူလတန်းအရွယ် အသက် ၅ နှစ်ကနေ ၉ နှစ်အထိ လူဦးရေ ၄၇ သိန်းကျော်မှာလည်း  စာမတတ်သူ ၁၀ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ စာတတ်မြောက်မှု အများဆုံးက ၉၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းဖြစ်ပြီး ရှမ်းပြည်နယ်က ၆၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ အသက် ၅ နှစ်ကနေ ၉ နှစ်အထိ စာတတ်သူ ၅၉ ရာခိုင်နှုန်းပဲရှိတာပါ။ စာတတ်မြောက်သူ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာတောင် ၅ နှစ်ကနေ ၉ နှစ်ရှိ လူ ၅ သိန်းခွဲလောက်မှာ ၁ သိန်းလောက်က စာမတတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တနိုင်ငံလုံးရဲ့ အသက် ၁၀ နှစ်ကနေ ၅၉ နှစ်အထိမှာ စာတတ်သူဦးရေက ၅၀ ရာခိုင်နှုန်းကျော်ပေမယ့် ၆၀ ကနေ ၉၀ အထိ အသက်အရွယ်တွေမှာတော့ ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါတယ်။ ဒါ့ပြင် တနိုင်ငံလုံးရဲ့ ၅ နှစ်နဲ့အထက် လူတွေထဲက လူ ၅ သန်းခွဲကျော်ဟာ လုံးဝ ကျောင်းမနေဖူးပါဘူး။ လူ ၆ သန်းခွဲလောက်ကတော့ အတန်းပညာမရှိကြောင်း ဖြေဆိုထားပြီး သန်း ၂၀ ကျော်က မူလတန်းအထိပဲ တက်ဖူးခဲ့တာပါ။ အလယ်တန်းအထိ တက်ဖူးသူ ၁၀ သန်းလောက်ရှိပြီး အထက်တန်းအထိ တက်ဖူးသူက ၄ သန်းခွဲကျော် ရှိပါတယ်။ အသက် ၁၅ နှစ်နဲ့အထက် ကျောင်းတက်တဲ့ ဦးရေမှာတော့ ယောက်ျားဦးရေက ပိုများနေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။
6 years Ago

June 5, 2015

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၆ ရက် ထုတ်ပြန်မည်

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အောင်မြင်သူတွေရဲ့ အမှတ်စာရင်းကိုလည်း အောင်စာရင်းထုတ်ပြန်ပြီး ၂ ရက်အကြာမှာ နေ့ချင်းပြီးထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အမှတ်စာရင်းတွေကို နေပြည်တော်ရုံး အမှတ် (၅၂) မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) တွေမှာ ထုတ်ပေးသွားမှာပါ။ ဒီ့အတွက် လိုအပ်တာက အမှတ်စာရင်းထုတ်ယူခွင့် လျှောက်လွှာ ၁ စောင်ကို ၂၀၀ ကျပ်နှုန်းနဲ့ ၀ယ်ယူပြီး ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းကပ်၊ လိုအပ်ချက်တွေကို ဖြည့်စွက်ပြီးနောက် မိမိတို့ရဲ့ အမှတ်စာရင်းတွေကို နေ့ချင်းပြီး ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ School1 School2 School3 School4 School5 School6
6 years Ago
Up