ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆို

January 22, 2018

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြတောင်းဆို

  ၂၀၁၈ ပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်တိုးမြှင့်ချပေးဖို့ မန္တ​လေး ​ရတနာပုံ တက္ကသိုလ်​​ဗကသ​ကျောင်းသားတွေက ဦး​ဆောင်​ပြီး ဒီနေ့ မနက်ပိုင်းက ​​တောင်းဆို ဆန္ဒပြ​ခဲ့ကြပါတယ်​။ ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမျိုး​ဆွေက “တပ်​မ​တော် ​အသုံးစရိတ်​နဲ့ ၆ လ​စာနဲ့ ပညာ​ရေးအတွက်​ချ​ပေးတဲ့ ဘက်​ဂျက်​ဟာ အဆမတန်​ ကွာခြားလွန်း​နေတယ်။ ဒါ​ကြောင့် ပညာ​ရေးစရိတ်​တိုးမြင့်ပေးဖို့ကို သက်​ဆိုင်​ရာ ပညာ​ရေးဌာနက ဝန်​ကြီးဌာန​တွေအ​နေနဲ့ အမြန်​ဆုံးချထား​ပေးဖို့​ တောင်းဆိုရတာဖြစ်​တယ်”​လို့ ​ပြောပါတယ်​။ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာထိ ၆လတာ ကာလအတွက် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်ငွေ ၂ ဘီလီယံကျော် လွှတ်တော်မှာ တောင်းခံထားပါတယ်။ ပညာ​ရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်​ပွဲ​ကော်​မတီကို ဇန်​နဝါရီ ၂၁ ရက်​​နေ့မှာ ရတနာပုံတက္ကသိုလ်​မှ ဥက္ကဋ္ဌ ​ကို​ကျော်သီဟရဲ​ကျော်​၊ ရမည်းသင်းတက္ကသိုလ်မှ ကိုရာဇာထွန်း၊ က​လေးတက္ကသိုလ်​မှ ကိုသူရိန်​ထွန်း၊ မိတ္ထီလာတက္ကသိုလ်မှ ကိုမင်းထက်​မြတ်​အပါအဝင် ​အဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပညာ​ရေးအသုံးစရိတ်​တိုးမြှင့်ပေး​ရေး၊ ​ကျောင်းအတွင်းအ​ဆောင်​များတည်​​ဆောက်​​ပေး​ရေး၊ သင်​​ထောက်​ကူပစ္စည်းလုံ​လောက်​စွာချ​ပေး​ရေးတိုကို အဓိက​တောင်းဆိုခဲ့ကြပါတယ်​။ မန္တ​လေးရတနာပုံတက္ကသိုလ်၊​ မြင်းခြံ၊ မိတ္ထီလာ၊ က​လေး၊ ရမည်းသင်း၊ မိုးညှင်း၊ မြစ်​ကြီးနား၊ ​တောင်​ငူ၊ ​ကျောက်​ဆည်​၊ စစ်​ကိုင်းစတဲ့ တက္ကသိုလ်​​ကျောင်းတွေက ဗကသတွေ ပါဝင်​​တောင်းဆို ခဲ့ပါတယ်​။
3 years Ago
Up