ပညာသင်

July 9, 2020

ဩစတြေးလျတွင် ပညာသင်နေသည့် ဟောင်ကောင်ကျောင်းသားများ အမြဲတမ်းနေထိုင်ခွင့်ရတော့ မည်

သြစတြေးလျမှာ ပညာသင်နေတဲ့ ဟောင်ကောင်ကျောင်းသားတွေကို ဝန်ကြီးချုပ်  စကော့် မောရစ်ဆင်က  ဇူလိုင်လ ၉ ရက်မှာ အမြဲနေထိုင်ခွင့်လမ်းကြောင်း ပေးခဲ့ပါတယ်။ ကင်ဘာရာမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် မောရစ်ဆင်က  ကျွမ်းကျင်နဲ့  ကျောင်းသားဗီဇာ ရထားသူတွေကို ဇူလိုင် ၉ ရက်ကစလို့ နောက် ၅ နှစ် သက်တမ်းတိုးပေးသွားမယ်လို့ ပြောဆိုပါတယ်။   လက်ရှိ သြစတြေးလျမှာ ကျောင်းသား ဗီဇာ၊ ယာယီအလုပ်ဗီဇာနဲ့  နေထိုင်သူ  တစ်သောင်းခန့် ရှိပါတယ်။     ဗြိတိန်က ဟောင်ကောင်ဒေသခံတချို့ကို  ဗီဇာသက်တမ်းတိုးပေးပြီးနောက်မှာ သြစတြေး ကလည်း အခုလို  သက်တမ်းတိုးပေးတာ ဖြစ်ပါတယ်။  ဟောင်ကောင်မှာ တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းပြီးနောက်မှာ  ဟောင်ကောင်ဒေသခံ အတော်များများ နိုင်ငံရပ်ခြားပြောင်းရွှေ့ဖို့ စိတ်ကူးလာတယ်လို့ ရိုက်တာက ရေးသားပါတယ်။   
10 months Ago
Up