ပညာရေးဝန်ကြီးဌာန

A d v e r t i s e m e n t With Us

January 11, 2021

တင်ဒါကိစ္စ အဂတိကင်းစွာ ဆောင်ရွက်နေဟု ပညာရေးဝန်ကြီးဌာန တုံ့ပြန်

သင်ထောက်ကူပစ္စည်းတွေ တင်ဒါခေါ်ယူရာမှာ လုပ်ထုံးလုပ်နည်းအတိုင်း  အဂတိတရားကင်းကင်းနဲ့ ဆောင်ရွက်နေကြောင်း ပညာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားလိုက်ပါတယ်။ လက်ရှိ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်း ၁၀၀၀ အတွက် သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ဖို့ တင်ဒါခေါ်ယူရာမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ လွဲမှားနေပြီး မသမာမှုတွေရှိနေတယ်လို့ ဝေဖန်ပြောဆိုရေးသားမှုတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြန်လည်တုံ့ပြန် လိုက်တာပါ။ "အားလုံးကို နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာနတွေရဲ့ တင်ဒါစည်းမျဉ်း စည်းကမ်းအတိုင်းပဲ ဆောင်ရွက်ခဲ့တာ၊ မဟုတ်တာလုပ်ခဲ့ရင် အဂတိနဲ့ ငြိပြီး အကုန်ထောင်ထဲ ရောက်ကုန်မှာပေါ့" လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။  လူမှုကွန်ရက်မှာဝေဖန်ပြောဆိုနေကြတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ တင်ဒါခေါ်ယူမှု ကိစ္စမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်း ၁၀၀၀အတွက် သင်ထောက်ကူ ပစ္စည်းအတွက် ဘတ်ဂျက်  သိန်း ၁၀၀၀၀ ကျော်ရှိတဲ့ တင်ဒါခေါ်ယူမှုမှာ ပတ်သက်ရာ ကုမ္ပဏီတစ်ခုတည်းကို တင်ဒါတွေပုံအောပေးဖို့ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပြီး တင်ဒါပြင်ဆင်ဖို့ ရက်မှာလည်း လုပ်ထုံးလုပ်နည်းနဲ့ လွဲမှားနေတာတွေကို တားဆီးပေးဖို့ ရေးသား ပြောဆိုထားတာပါ။  ဒါပေမဲ့ ဒီရေးသားပြောဆိုချက်တွေဟာ စွပ်စွဲပြောဆိုထားတာတွေသာဖြစ်ပြီး အချက်အလက်တွေ မှားယွင်းနေတယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။  "ရေးသားပြောဆိုတာတွေက ကျနော်တို့လည်း သိရတယ်၊ အကုန်မမှန်ဘူး။ စွပ်စွဲ ပြောဆိုချက်တွေပါတယ်။ တင်ဒါခေါ်တဲ့နေရာမှာ တင်ဒါပြင်ဆင်ရက်ကို တစ်လမပေးပဲ လျော့သွားတာပဲ ရှိတယ်။ အဲ့ဒါက ပြန်တိုးပေးလို့ရတယ်၊ ကျန်တာ လုပ်ထုံး၊ လုပ်နည်းအရပဲ ဆောင်ရွက်ခဲ့တာ”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။  အခုလို ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖြေရှင်းချက် တစ်ခုခြင်းစီနဲ့ ပြန်လည်ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။  လူမှုကွန်ရက် စာမျက်နှာမှာ တင်ဒါကိစ္စနဲ့ပက်သက်ပြီး ဝေဖန်ပြောဆိုရေးသားထားတဲ့ May Yu Thazin ဆိုတဲ့အကောင့်အမည်ကို အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည် ဆက်သွယ်ပြောဆိုခြင်း မရှိပါဘူး။
2 months Ago

September 6, 2020

ဘန်ကောက်ပညာရေးဝန်ကြီးဌာနရှေ့တွင် အထက်တန်းကျောင်းသားများ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်က ပညာရေးဝန်ကြီးဌာနအပြင်ဘက်မှာ ရာချီတဲ့ အထက် တန်း ကျောင်းသူ၊ကျောင်းသားတွေ စက်တင်ဘာ ၅ ရက်က ဆန္ဒပြပါတယ်။   ပညာရေးစနစ်က ခေတ်မမီတော့ဘူးလို့ ပြောရင်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆို ခဲ့တာပါ။   ဇူလိုင်လလယ်တည်းကစခဲ့ပြီး နေ့တိုင်းနီးပါး ထိုင်းတက္ကသိုလ်ပရဝုဏ်တွေထဲမှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ထိုင်းအစိုးရကို စိန်ခေါ်မှု တိုးလာခဲ့တာပါ။   တချို့ဆန္ဒပြသူတွေကတော့ အားကောင်းတဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ကိုပါ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။   ကျောင်းဝတ်စုံနဲ့ အမူအကျင့်ဆိုင်ရာစည်းကမ်းတွေ တင်းကြပ်မှု ဖြေလျှော့ပေးဖို့နဲ့ ကျောင်း တွေမှာ စိတ်ထဲရှိရာ လွတ်လွတ်လပ်လပ် ဖွင့်ပြောနိုင်ရေးတွေကို ဆန္ဒပြကျောင်းသား ၆၀၀ကျော်  က တောင်းဆိုခဲ့ပါတယ်။   ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုသင်္ကေတအဖြစ် ကမ္ဘာကျော် "Hunger Games" ရုပ်ရှင်ထဲ က လက်ချောင်း ၃ ချောင်းထောင် အလေးပြုတဲ့ပုံစံကိုလည်း ကျောင်းသားတွေက စုရုံးသရုပ်ပြခဲ့ ပါတယ်။   ကျောင်းသားတွေရဲ့အခွင့်အရေးကို လေးစားပါတယ်လို့ ပညာရေးဝန်ကြီး နာတာဖို တီးစုဝမ် က သတင်းထောက်တွေကို ပြောပါတယ်။   ဆန္ဒပြပွဲတွေရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာကတော့ ဆန္ဒပြသူ တွေဟာ တိုင်းပြည်ပြိုကွဲမှု ဖြစ်စေနိုင်တဲ့ သွေးကွဲမှုကို ဖန်တီးနေတယ်လို့ အရင်အပတ်က သတိပေး ခဲ့ပါတယ်။   စည်းမျဉ်းခံ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့တဲ့လူတွေကိုလည်း သူက ပြစ်တင်ရှုံ့ချခဲ့ပါတယ်။   ဥရောပမှာအနေများတဲ့ ထိုင်းဘုရင် မဟာ ဝဂျီရာလောင်ကွန် ရေးဆွဲတဲ့ ကျေးလက်မှာ ထိုင်း မိသားစု ကျေနပ်ပျော်ရွှင်နေတဲ့ ကာတွန်းပုံကို ထိုင်းအစိုးရက စနေနေ့မှာ ဖြန့်ချိခဲ့ပါတယ်။
6 months Ago
More News
Up