ပညာရေးနဲ့ သိပ္ပံပညာဆိုင်ရာပြပွဲ

December 12, 2019

မြောက်ကိုရီးယားတွင် ပညာရေးနှင့် သိပ္ပံပညာဆိုင်ရာပြပွဲလုပ်

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာ ပညာရေးနဲ့ သိပ္ပံပညာဆိုင်ရာပြပွဲကို ဒီဇင်ဘာ ၉ ရက်ကနေ ၁၃ ရက်ထိ ကျင်းပနေတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က ပြောပါတယ်။ သိပ္ပံနဲ့ နည်းပညာပြပွဲခန်းမအတွင်း ပညာရေးဆိုင်ရာ ကိရိယာတန်ဆာပလာတွေနဲ့ စာအုပ်တွေကို ကြည့်နေတဲ့ မြောက်ကိုရီးယားအရာရှိတွေ၊ ဆရာတွေနဲ့ ပညာရေးဆိုင်ရာ သုတေသနပညာရှင်တွေရဲ့ ရုပ်ပုံတွေကိုလည်း KCNA က ထုတ်လွှင့်ပြသပါတယ်။  ဒါပေမယ့် ဒီရုပ်သံကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။ ဒီပွဲမှာ စာတမ်း ၂၀၀ တင်သွင်းဖတ်ကြားဖို့ ရှိပြီး ပညာရေးဆိုင်ရာသင်ထောက်ကူ ပစ္စည်း ၆၃၀ ကျော်ကိုလည်း ပြသသွားမယ်လို့ KCNA က ဆက်ပြောပါတယ်။ မြောက်ကိုရီးယားဟာ မူကြို တနှစ်၊ မူလတန်း ငါးနှစ်၊ အလယ်တန်း ၃ နှစ်နဲ့ အထက်တန်း ၃ နှစ်ပါတဲ့ ပညာရေးစနစ်ကို ၂၀၁၄ မှာ စတင်မိတ်ဆက်ထားပါတယ်။ 
2 years Ago
Up