ပညာပေး Billboard

April 8, 2020

ကန့်ကွက်မှုများရှိနေသဖြင့်  မန္တလေးမြို့က COVID-19 ပညာပေး Billboard အချို့ဖြုတ်သိမ်း

မန္တလေးမြို့ရှိ အထင်ကရနေရာတွေမှာစိုက်ထူထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေပေါ်မှာ  နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးကျော်သူရဲ့ပုံနဲ့ " အိမ်မှာနေရမလား ငါလာခေါ်ရမလား "လို့  ကပ်ထားတာကို လူထုကန့်ကွက်မှုတွေ ရှိနေတဲ့အတွက် ဧပြီ ၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်ဖြုတ်သိမ်းခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှာကို ကာကွယ်တဲ့အနေနဲ့ ပြည်သူတွေ နေအိမ်မှာ နေကြဖို့ ကျန်းမာရေးပညာပေးအနေနဲ့ ကြော်ငြာဆိုင်းဘုတ်တွေစိုက်ထူထားတာဖြစ်ပြီး  MASK တပ်ရန်နှိုးဆော်ထားတဲ့ ဆိုင်းဘုတ်တွေကတော့ အရင်အတိုင်း ဆက်လက် ထားရှိပါတယ်။ Photo - Kaung Zaw Hein / MPA
1 year Ago
Up