ပစ္စတိုသေနတ်နှင့် ကျည်ဆန်များ

June 23, 2017

ပစ္စတိုသေနတ်နှင့် ကျည်ဆန်များ သယ်ဆောင်လာသည့် လူငယ် ၂ ဦးအား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်မှာ  လက်နက်ခဲယမ်းတွေ သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်တော်ယာဉ်တွေကို စစ်ဆေးနေစဉ် ဇွန် ၂၂ရက်  မနက် ၉ နာရီလောက်က  တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်ကို မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ် နှစ်စီးကို စစ်ဆေးဖို့ ရပ်တန့်စေရာမှာ မရပ်ဘဲ  မောင်းနှင် ထွက်ပြေးသွားခဲ့လို့ လိုက်လံဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ လော်အဲ(ဘ)ဦးလော်မူးနဲ့  လော်ဖာ(ဘ)ဦးလော်ဂေးတို့ရဲ့ မော်တော်ဆိုင်ကယ်တွေကို  စစ်ဆေးရာမှာ ပစ္စတိုသေနတ် ၂လက်၊ ကျည်အိမ် ၂ခု၊ ကျည် ၃၀ တောင့်၊ ထိုင်းဘတ်ငွေ ၄ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မိုင်းဖြတ်မြို့မရဲစခန်မှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
6 years Ago
Up