ပစ္စည်းခိုးယူ (စီစီတီဗွီရုပ်သံ)

June 16, 2017

မြိတ်တွင် ကိုယ်ဝန်ဆောင်ထံမှ စစ်ယူနီဖောင်းဝတ်ဆင်သူက ပစ္စည်းခိုးယူ (စီစီတီဗွီရုပ်သံ)

တနင်္သာရီတိုင်း မြိတ်မြို့ပြည်သူ့ဆေးရုံကြီး မိခင်နှင့်ကလေးကုသဆောင်မှာ  ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးထံမှ စစ်ယူနီဖောင်းဝတ်ထားတဲ့ အမည်မသိအမျိုးသားတဦးက ငွေကြေးနဲ့ လက်ဝတ်ရတနာတချို့ကို ခိုးယူမှုတခု ဇွန် ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မြိတ်မြို့မ ရဲစခန်းရုံးက ပြောပါတယ်။ မြိတ်မြို့မရဲစခန်းရုံးမှ စခန်းမှူး မြင့်လွင်က “လက်ရှိက စစ်ယူနီဖောင်း ဝတ်ဆင်တဲ့ အမည်မသိအမျိုးသားတဦးကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ လောလောဆယ်တော့ တပ်မတော်သားတဦးဖြစ်ကြောင်းကို အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ ရဲတပ်ဖွဲ့ ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင် ဒေါ်ဇာဇာပန်းဟာ  ဆေးရုံအပေါ်ထပ်ရှိ သားဖွားခန်းမှာ အိပ်ပျော်နေချိန် စစ်ယူနီဖောင်းဝတ်သူက လာရောက် ခိုးယူသွားခဲ့တာလို့ စီစီတီဗွီ မှတ်တမ်းအရ သိရတာဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၁၁၆၀၀၀ ကျပ်နဲ့ တစ်မူးသားလောက်ရှိတဲ့ ရွှေလက်စွပ် ၁ ကွင်း အပါဝင် အမျိုးသမီး လက်ကိုင်အိတ် ၁ လုံး ခိုးခံရတယ်လို့ ဒေါ်ဇာဇာပန်းက ပြောပါတယ်။ သူက ပစ္စည်းပျောက်ဆုံးမှုအတွက်  မြိတ်မြို့မရဲစခန်းမှာ ခိုးမှုနဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-ဇော်ဇော် (မြိတ်)
4 years Ago
Up