ပစ်သတ်ခံရသူ ၂ ဦး

March 13, 2021

သာကေတက ပစ်သတ်ခံရသူ ၂ ဦးအလောင်း ရဲစခန်းအပ်ရန် လာတောင်းနေ

သာကေတမှာ မနေ့ မတ်လ ၁၂ ရက် သန်းခေါင်ကျော်အချိန်မှာ ပစ်ခတ်လို့သေဆုံးခဲ့တဲ့ ကိုစည်သူနဲ့ ကိုအောင်အောင်ဇော်တို့ရဲ့ ရုပ်အလောင်းတွေကို ရဲစခန်းကိုလာအပ်ဖို့ ဆက်သွယ်အကြောင်းကြားလာတယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေ ဝင်တွေက ပြောပါတယ်။

"ဒီမနက်တင် သာကေကတ စခန်းကနေ ခဏခဏ ဆက်လာတယ်၊ စခန်းကနေ သူတို့ကို ရုပ်အလောင်းတွေ အပ်ဖို့ဆိုပြီး သေမှုသေခင်းနဲ့စစ်ဆေးစရာတွေရှိတယ်လို့ ပြောတယ်၊ ကျနော်တို့ကတော့ သူတို့ကို မယုံကြည်လို့ မအပ်နိုင်ဘူး" လို့ သေဆုံးသူ ကိုစည်သူရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။

ကိုအောင်အောင်ဇော်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း ရဲစခန်းကနေ ရုပ်အလောင်းတွေ ပြန်အပ်ဖို့ အကြောင်းကြားမှုရှိနေပြီး ရဲလုပ်ထုံး လုပ်နည်းအရ ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ သာကေတ အမှတ် ၁ စခန်းဘက်ကနေ ပြောကြားမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

9 months Ago
Up