ပြင်သစ်နိုင်ငံအလယ်ပိုင်းက ပွေ့ဒယ်ဒုန်းမ်ဒေသထဲမှာ ရဲအရာရှိ ၃ ယောက် အသေပစ်သတ် ခံရတယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုပါတယ်။
ပစ်သတ်ခံရတဲ့ ရဲအရာရှိတွေဟာ အသက် ၂၁၊ ၃၇ နဲ့ ၄၅ နှစ် အသီးသီး ရှိကြတယ်လို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
အမျိုးသမီးတယောက်အပေါ် အိမ်တွင်းအကြမ်းဖက်မှုနဲ့ တိုင်ကြားချက်ကို ဖြေရှင်းနေချိန်မှာ ရဲအရာရှိ ၃ ယောက် ပစ်သတ်ခံရတာလို့လည်း ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
1 month Ago