ပစ်ချမိ

A d v e r t i s e m e n t With Us

January 11, 2020

ယူကရိန်းခရီးသည်တင်လေယာဉ်အား ပစ်ချမိဟု အီရန် ဝန်ခံ

ယူကရိန်းခရီးသည်တင်လေယာဉ်ကို မရည်ရွယ်ဘဲ ပစ်ချခဲ့မိတယ်လို့  အီရန်စစ်ဘက်ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံက  ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။     ယူကရိန်းလေယာဉ်ဟာ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့  စစ်ဘက်ဗဟိုဌာနဆီ ကွေ့လာခဲ့ပြီးနောက် လေယာဉ်ကို “အန္တရာယ်ရှိ ပစ်မှတ်နဲ့” မှားယွင်း ပစ်ချမိတယ်လို့  အီရန် စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။  အမေရိကန်နဲ့တင်းမာမှု ဖြစ်နေတာကြောင့် “အမြင့်ဆုံးတပ်လှန့်” ထားတာကိုလည်း   အစီရင်ခံစာက အပြစ်ဖို့ခဲ့ပါတယ်။  လေယာဉ်ကို အီရန်စစ်ဘက်က မှားယွင်း ပစ်ချခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တာဝန်ရှိသူတွေက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီးနောက်မှာ အခုလို ဝန်ခံခဲ့တာလို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။  ဇန်နဝါရီ  ၈ ရက်က အီရန်မြို့တော် တဟီရန် လေဆိပ်ကနေ ယူကရိန်းလေယာဉ် ပျံတက်ပြိး မကြာခင်မှာ ပျက်ကျသွားခဲ့တာပါ။  ပျက်ကျတာကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၇၆ ယောက်လုံး သေဆုံးပြီး အများစုဟာ  အီရန်နဲ့ ကနေဒါ နိုင်ငံသားတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်။
1 year Ago
Up