ပစ်ခတ်လူစုခွဲ

A d v e r t i s e m e n t With Us

February 7, 2021

မြဝတီမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်လူစုခွဲ၊ ၁၀ ဦးခန့် ဒဏ်ရာရ (ရုပ်သံ)

ကရင်ပြည်နယ် မြဝတီမြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ၁၀ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ် အလိုမရှိကြေငါင်း လူအင်အား ၂၀၀ လောက် ငြိမ်းချမ်းစွာ စီးတန်းလှည့်လည်ဆန္ဒပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှုးရုံးရှေ့အရောက် ရဲအင်အား ၂၀ လောက် ​​သေနတ်ပစ်ဖောက်ပြီး ဆန္ဒထုတ်ဖော်သူတွေကို လိုက်လံဖမ်းဆီးခဲ့တဲ့အပြင် နံပါတ်တုတ်တွေနဲ့လည်း ရိုက်နှက်ခဲ့တယ်လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကိုအောင်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်လူစုခွဲပြီးနောက် ဒီကေဘီအေ ဗုဒ္ဓဘာသာ ကရင်အကျိုးပြု တပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ မော်တော်ယာဥ် သုံးစီးနဲ့ ရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သူတွေဘက်က ဝိုင်းရံပေးခဲ့ပါတယ်။

Video - Kolin

3 weeks Ago

June 3, 2020

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ဆန္ဒပြသူများကို ပြင်သစ် ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲ

ပြင်သစ်မြို့တော် ပါရီက လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတွေက ဇွန် ၂ ရက်မှာ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။  ၂၀၁၆ ခုနှစ်က ရဲစစ်ဆင်ရေးအတွင်း အာဖရိကန်နွယ်ဖွား ပြင်သစ်နိုင်ငံသား အာဒါမာထရာအို သေဆုံးမှုကို ဆန့်ကျင် ဆန္ဒပြပွဲကို ဇွန် ၂ ရက်အစောပိုင်းမှာ ရဲတွေက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူစုလူဝေး လုပ်ရင် ကျန်းမာရေး ဘေးအန္တရာယ် ရှိတဲ့အပြင် လူမှုရေး မတည်ငြိမ်မယ့်ဘေးတွေ ရှိတယ်လို့ ပါရီ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်မှာ လက်နက်မဲ့ လူမည်း အမျိုးသားရဲ့ လည်ပင်းကို လူဖြူ ရဲအရာရှိက ဒူးနဲ့ ၉ မိနစ် ထောက်ထားခဲ့လို့ သေဆုံးခဲ့တဲ့အတွက် ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။ ဒါကြောင့် လူမည်းတွေရဲ့ အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ လှုပ်ရှားမှုတွေဟာ နယ်သာလန်နိုင်ငံကနေ ကင်ညာနိုင်ငံထိ အပါအဝင် တခြားနိုင်ငံတွေဆီ ကူးစက်ခဲ့ပါတယ်။
9 months Ago
Up