ပစ်ခတ်မှုဖြစ်

September 16, 2021

ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းတွင် ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေး အုံတုံပင်​ကျေးရွာအနီးမှာရှိတဲ့   အမှတ် (၂၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (မုံရွာ) ရဲတပ်ရင်းကို စက်တင်ဘာ ၁၅ ရက် ညပိုင်းက ပစ်ခတ်မှု​တွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"မ​​နေ့ည ၉ နာရီ​ကျော်​လောက်က အမည်မသိ အဖွဲ့ ၁ ခုက ရဲတပ်ရင်း အ​နောက်ဘက်က​နေ ​လျှော့တိုက်မိုင်းနဲ့ ပစ်လို့ ရဲတပ်ရင်းထဲမှာရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကလည်း ပြန်လည်ပစ်ခတ်ကြတာလို့ သိရ​တယ်၊ အသံ​တွေက​တော့ ဗုံးသံလိုလို​တွေကြားရသလို ​သေနတ်သံ​တွေလည်း တရစပ် ပစ်ခတ်သံ​တွေကြားရတယ်။ ရဲတပ်ရင်းထဲက​နေ ပစ်​နေတဲ့အသံပဲဗျ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  

ပစ်ခတ်သံ​တွေရပ်နားအပြီး စစ်​ကောင်စီတပ်​က ရဲတပ်ရင်းဝန်းကျင် ကင်းလှည့်​တာ​တွေရှိ​ကြောင်း၊ ​သေနတ်သံ​တွေ​ကြောင့် အနီးအနားက ​ကျေးရွာ​​နေပြည်သူ​တွေ ​ကြောက်လန့်တပြီး ​​ထွက်​ပြေး သူတွေရှိတယ်လို့လည်း ဒေသခံက ​ပြောပါတယ်။

​သေနတ်ပစ်ခတ်မှု​တွေက​တော့ အပြန်အလှန်ပစ်ခတ်တာမရှိဘဲ ရဲတပ်ရင်းထဲက စစ်​ကောင်စီရဲ့တပ်သား​တွေရဲ့ဘက်ကသာ ပစ်​ခတ်ခဲ့တာလို့ လည်း ဆိုပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူ တွေ ရှိမရှိတော့ မသိရသေးပါဘူး။ 

1 month Ago

July 2, 2021

လွိုင်ကော် ကြတ်ဂူအနီး ပစ်ခတ်မှုဖြစ်ပွားသဖြင့် ဒေသခံများထွက်ပြေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း ပါလောင်းနဲ့ ​ဒေါတရိုး​ကျေးရွာအနီးတဝိုက်မှာ ဇူလိုင်လ ၂ ရက်​ ဒီမနက် ၉ နာရီ​ကျော်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ လွိုင်ကော်- ရှားတောလမ်းမကြီး ကြတ်ဂူနီးဖြစ်ပွားခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။ ပစ်ခတ်သံဟာ ၁၅ မိနစ်လောက်သာ ကြာမြင့်ပြီး  ဘယ်အဖွဲ့နဲ့ ပစ်ခတ်လဲဆိုတာ သေချာ မသိရသေးပါဘူး။

ကယားပြည်နယ်ထဲက  ဒီးမော့ဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ မေလကစပြီး  စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဇွန်လ ၁၅ ရက်နေ့မှာ  အပစ်ခတ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း ဖြစ်ပွားတဲ့  တိုက်ပွဲကြောင့် သေဆုံးသူ  ၇၆ ဦးရှိလာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ တစ်သိန်းကျော်ရှိလာတယ်လို့ သိရပါတယ်။

4 months Ago
More News
Up