ပစ်ခတ်ဖြိုခါင်း

March 23, 2021

ကြံခင်းတွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၂ ဦး ကျည်ထိမှန်၊ ၆ ဦး အဖမ်းခံရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ မတ်လ ၂၂ ရက်နေ့ ညပိုင်းက အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်ထဲ သေနတ်တွေနဲ့ဝင်ပစ်ခဲ့လို ၂ ဦး ကျည်ဆန်ထိမှန်ခဲ့ပြီး ၆ ဦး အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

သာယာ ၅ လမ်းမှာ ည ၉ နာရီကျော်လောက် ပြည်သူ့လုံခြုံရေးအတွက် ကင်းစောင့်ပေးနေတဲ့ အမျိုးသားကို ရဲနဲ့စစ်တပ်က လာရောက်ရိုက်နှက်ခဲ့လို့ ဒေသခံတွေက လမ်းမပေါ်ထွက်လာချိန်မှာ ကျည်အစစ်တွေနဲ့ပစ်ခတ်ခံခဲ့ရတာလို့ ရပ်ကွက်နေ အမျိုးသား ၁ ဦးက DVB ကို ပြောပါတယ်။

"ရပ်ကွက်ထဲ လမ်းအလိုက် ညပိုင်း ကင်းတွေစောင့်နေတာ မီးကွင်းပစ်တာ လူစိမ်းဝင်တာသိအောင်လို့၊ အဲ့တာကို အကြောင်းမဲ့ လာရိုက်တော့ မခံနိုင်လို့ လမ်းပေါ်ထွက်ပြီး ပြောတော့ သေနတ်နဲ့ ပစ်တာ ၂ ယောက်တော့ ထိထားတယ် စိုးရိမ်ရတယ်'' လို့ ပြောပါတယ်။

လမ်းပေါ်ထွက်လာတဲ့ ပြည်သူတွေကို ကျည်အစစ်နဲ့ပစ်ခဲ့လို ၁ ဦးက လက်မောင်းကို ထိမှန်ခဲ့ပြီး နောက် ၁ ဦးက ခြေထောက်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လမ်းပေါ်ထွက်လာတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်အုပ်စုက ကျည်အစစ်နဲ့ အချက် ၅၀ ကျော်လောက်ပစ်ခတ် ဖြိုခွင်းပြီး ၆ ဦး၊ ၇ ဦး လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ - CJ

9 months Ago
Up