ပစ်ခတ်ခံရ

August 13, 2022

ရွှေပြည်သာမြို့နယ်အတွင်း ရာအိမ်မှူးလင်မယား ပစ်ခတ်ခံရပြီး ရာအိမ်မှူးအမျိုးသမီး သေဆုံး

ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာတဲ့ ရာအိမ်မှူး လင်မယား သေနတ်နဲ့ ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နေလယ် ၁ နာရီက ရာအိမ်မှူး ဒေါ်ယဉ်ယဉ်အေးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာချိန် တပင်ရွှေထီးလမ်းက ဇောတိကပန်းခြံအရောက် သေနတ်နဲ့ ပစ်ခံရတာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

"အမက ၁၉ ကျောင်းနားမှာ ပစ်တာ။ ဒေါ်ယဥ်ယဉ်အေးက ပွဲချင်းပြီးပဲ။ သူယောက်ကျ်ားက ရှပ်ထိသွားတယ်။ လူနာတင်ယာဥ်နဲ့ သယ်သွားပြီ"

ရာအိမ်မှူး လင်မယားကို ဆိုင်ကယ်စီးလာသူ လူငယ် ၂ ယောက်က သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး ဒေါ်ယဥ်ယဥ်အေးမှာ ကျည်ထိမှန် ဒဏ်ရာ သုံးချက်နဲ့ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ လက်မောင်းကို ရှပ်ထိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

လတ်တလောမှာ ရွှေပြည်သာမြို့နယ်က လမ်းဆုံတွေမှာ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်တွေက စစ်ဆေးနေသလို လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုလည်း ရဲတွေက စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနေ့ကလည်း အင်းစိန် နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ပစ်ခတ်မှုဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူးနဲ့ ဒုဦးစီးမှူး သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ 

အလားတူ သြဂုတ် ၁၁ ရက်ညပိုင်းကလည်း ရွှေပြည်သာမြို့နယ်က အမှတ် ၇ ရပ်ကွက် နဲ့ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

5 days Ago

ဝက်လက်မြို့နယ်က စစ်​​​ကောင်စီစက်လှေ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင်းက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခဲ့တဲ့ စစ်ကောင်စီတပ်စက်လှေကို ဒီနေ့ ဩဂုတ် ၁၃ ရက် မနက် ၉ နာရီလောက်က ပစ်ခတ်ခဲ့လို့ စစ်လှေပေါ်ပါ စစ်သား ၄ ယောက် သေဆုံး၊ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ 

အဲဒီစစ်ကောင်စီတပ်က အဆိုပါ စက်လှေပေါ်ကနေလှေပေါ်ကနေကမ်းဖြူကျေးရွာ၊ ရွာသာကျေးရွာ၊ အင်​ဒေါင်းကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။ 

ဒါ့ကြောင့် သူတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က G 3 သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ စက်လှေပေါ်ပါ စစ်သားတွေ ထိခိုက်သေဆုံးခဲ့ တာလို့ ဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကျား ကြီးက "သူတို့က ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ အဖွဲ့။ ဒီမနက် အနောက်ဘက်ကနေ လာပစ်တာကို ကင်းစောင့်အဖွဲ့တွေက အရင်စီးကြိုပြီး G3 သုံးလက်နဲ့ ပစ်လိုက်တာ။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ရောလက်နက်ငယ်နဲ့ရော ပစ်သေးတယ်" လို့ ပြောပါတယ်။

ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ  ​ဒေသခံတွေ ရဲ့ စက်လှေ၊ မော်တော်တွေကို သိမ်းယူသွားပြီး ငွေနဲ့ ပြန်ရွေးခိုင်းတယ်လို့ ပြောပါတယ်။

ဒီဖြစ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 

6 days Ago

August 12, 2022

သင်္ဃန်းကျွန်း လ.ဝ.ကရုံး ပစ်ခတ်ခံရ၊ ဒုဦးစီးမှူး သေဆုံးပြီး ဦးစီးအရာရှိ ဒဏ်ရာရ

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ မြို့နယ် လ.ဝ.က ရုံးအတွင်းကို ဒီကနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒုဦးစီးမှူး သေဆုံးပြီး ဦးစီးအရာရှိ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ဦးစီးအရာရှိကို အရင်ပစ်တာ။ အဲဒီမှာတင် ဒုဦးစီးမှူးက သေနတ်ပစ်တဲ့သူကို ဝင်လုံးတာ။ သူပါ အပစ်ခံရတယ်။ သူက အဲဒီနေရာမှာတင် သေတာ။ အခုတော့ လူနာတင်ယာဥ်တွေရော၊ ရဲတွေရော စစ်သားတွေရော ရောက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးမှာ ရင်ဘတ်ကျည် ထိမှန်ဒဏ်ရာရရှိပြီး ဒုဦးစီးမှူးဦးကျော်မိုးမှာ ကျည်ထိမှန် ဒဏ်ရာနှစ်ချက် ရရှိကာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဦးစီးအရာရှိက ဒဏ်ရာရတယ်။ ဒုဦးစီးမှူးက သေတယ်။ ဒဏ်ရာရတဲ့သူလည်း အခြေအနေမကောင်းဘူး။ အခုဆေးရုံကို ပို့ထားတယ်။ ပစ်တဲ့သူကို မမိပါဘူး” လို့ ရှင်းပြပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်တွေဟာ သင်္ဃန်းကျွန်းမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးမှာ တပ်စွဲထားပြီး လေးထောင့်ကန်လမ်းမကြီးတလျှောက်ရှိ ကားတွေနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်စက်မှုဇုန် (၃) မြတ်ဧရာလမ်းသွယ် (၂) က နေအိမ်မှာ ကားပြင်နေတဲ့ အရန်မီးသတ်တပ်ခွဲမှူးနဲ့ သူငယ်ချင်းဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

6 days Ago
More News
Up