ပစ်မှတ်နှင့်လွဲချော်ပြီး ကိုယ်တိုင်ပေါက်ကွဲသေဆုံးခဲ့ရသည့် အိုင်အက်စ် အသေခံဗုံးခွဲသမား

February 16, 2017

ပစ်မှတ်နှင့်လွဲချော်ပြီး ကိုယ်တိုင်ပေါက်ကွဲသေဆုံးခဲ့ရသည့် အိုင်အက်စ် အသေခံဗုံးခွဲသမား (ရုပ်သံ)

အိုင်အက်စ်စစ်သွေးကြွတဦးဟာ ဆီးရီးယားအတိုက်အခံ စစ်သားတွေအနီး အသေခံ ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ ပစ်မှတ်နဲ့လွဲချော်ကာ ပေါက်ကွဲသေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရာကွာမြို့အနီးမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ စစ်သားတွေအနီး ဖောက်ခွဲချိန်မှာ အကွာအဝေး အတော်လှမ်းနေခဲ့တာမို့ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ ဗုံးဟာ သူ့ဆီမှာတင် ပေါက်ကွဲသွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ ပစ်မှတ်ထား ဖောက်ခွဲမှု ပြုလုပ်ရမယ့် စစ်သားတွေအနီးက အဆောက်အအုံတခုရဲ့ ထောင့်မှာ ပေါ်လာခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်သွားခဲ့တာကို တွေ့ရပါတယ်။ ဝေဖန်သူတဦးကတော့ “အလေ့အကျင့်ဟာ တကယ့်ကို အမြင့်မားဆုံး လုပ်ဆောင်နိုင်တယ်” လို့ မှတ်ချက်ရေးခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်ခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ထောင်သောင်းချီရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up