ပစ်တိုးရီးယပ်စ်

December 3, 2015

တောင်အာဖရိက မသန်စွမ်းအပြေးသမား ပြစ်ဒဏ်ကျခံရမည်

တောင်အာဖရိကနိုင်ငံက မသန်စွမ်း ပြေးခုန်ပစ်ကစားသမား အော်စကား ပစ်တိုးရီးယပ်စ်ကို အပြစ်ရှိတယ်လို့ တရားရုံးက ဒီဇင်ဘာ ၃ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ အစောပိုင်းက လူသတ်မှုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပေမယ့် အယူခံတရားရုံးက အပြစ်ရှိတယ်ဆိုပြီး ပြန်လည်သတ်မှတ်တဲ့အတွက် ပြစ်ဒဏ် ပြန်လည်ချမှတ်ဖို့ ပစ်တိုးရီးယပ်စ်က တရားရုံးကို ပြန်လည်လာရောက်ရမှာ ဖြစ်ပါတယ်။ ကျူးလွန်တဲ့သူဟာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို သိရှိပေမယ့် အောက်တရားရုံးက ပြစ်ဒဏ်ချမှတ်ရာမှာ ဒီအချက်ကို မှန်မှန်ကန်ကန် အသုံးမချခဲ့ဘူးလို့ တောင်အာဖရိက ဗဟို အယူခံတရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တံခါးနောက်ကွယ်ကနေ အိမ်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့သူကို ပြင်းအားမြင့်သေနတ်နဲ့ပစ်ရင် သေမယ်ဆိုတာ ပစ်တိုးရီးယပ်စ်က ကြိုမြင်သင့်တယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံမှာ လူသတ်မှုအတွက် အနည်းဆုံးပြစ်ဒဏ် ၁၅ နှစ် ကျခံစေလေ့ ရှိပါတယ်။ မနှစ် အောက်တိုဘာလက ပစ်တိုးရီးယပ်စ်ကို ရည်စား ရီးဗာ့စတီးကမ့်ကို သတ်မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။ ပြစ်ဒဏ်တနှစ် ကျခံအပြီးမှာတော့ နေအိမ်အကျယ်ချုပ်ကို ပြောင်းလဲကျခံခဲ့စေပါတယ်။
6 years Ago
Up