ပစ္စည်းဟောင်

A d v e r t i s e m e n t With Us

December 24, 2020

ကိုဗစ်ကာလ ဂျပန်တွင် စားသောက်ဆိုင်သုံး ပစ္စည်းဟောင်းရောင်းသည့်ဈေးကွက် ထွန်းကား

ဂျပန်နိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကြောင့် စားသောက်ဆိုင် အများအပြား ပိတ်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ၊ ရေခဲစက်၊ မီးဖိုစတဲ့ စားသောက်ဆိုင်သုံး ပစ္စည်းကိရိယာ တပတ်နွမ်းတွေကို ပြန်ရောင်းတဲ့ ဈေးကွက် ထွန်းကားလာပါတယ်။ သုံးပြီးသား မီးဖိုချောင်သုံးပစ္စည်းတွေကို ပြန်ပြုပြင်အရောင်တင်ပြီးတဲ့အခါ ဈေးကွက်ထဲမှာ ပြန်ရောင်းတဲ့ လုပ်သားတွေဟာ တခြားလုပ်သားတွေထက်လည်း အလုပ်များနေကြပါတယ်။ တန်ပေါ့စ်ဘတ်စ်တာလုပ်ငန်းရဲ့ အရောင်းဌာန ဒါရိုက်တာကတော့ မီးဖိုချောင်သုံး ပစ္စည်းတွေကို ပိုဝယ်ပြီး နိုင်ငံတလွှားက ပြုပြင်ထိန်းသိမ်းရေးဌာနတွေ ဆီကိုပို့ကာ အဲဒီမှာ အပြည့်အဝ သန့်ရှင်း ပြင်ဆင်တယ်လို့ ပြောပါတယ်။ မနှစ်ကထက်စာရင် စားသောက်ဆိုင်တွေဆီက သူတို့ဝယ်တဲ့ ပစ္စည်းအရေအတွက်ဟာ ဒီနှစ်မှာ ၂ ဆကျော် ပိုများတယ်လို့လည်း သူက ဆက်ပြောပါတယ်။ တိုကျိုမြို့တော်က စီးပွားရေးခရိုင်ထဲမှာရှိပြီး ၁၅ နှစ်ကြာ ဆိုင်ဖွင့်ခဲ့တဲ့ ရှိရိုဟချိ ခေါက်ဆွဲဆိုင်ဟာ ခုတော့ ကုလားထိုင်တွေ၊ ဟင်းချက်အိုးတွေနဲ့ ခေါက်ဆွဲပန်းကန်တွေကိုပါ ရောင်းထုတ်ပြီး ဆိုင်ပိတ်လိုက်ရပါတယ်။ ဂျပန်မှာ ကပ်ရောဂါဘေးကြောင့် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလလယ်ထိ စီးပွားရေး လုပ်ငန်း ၈၀၀ ကျော်ဟာ  အကြွေးမဆပ်နိုင်ဘဲ လူမွဲစာရင်းထဲမှာ ခံယူခဲ့ကြပါတယ်။ စားသောက်ဆိုင်နဲ့ ဘားလုပ်ငန်းက အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး ကုမ္ပဏီ ၁၂၆ ခု ဖျက်သိမ်းခဲ့ရပါတယ်။ လူချင်းခွာနေရမယ့် ကန့်သတ်ချက် ဆက်ရှိနေသေးလို့ စားသောက်ဆိုင်တွေဟာ အခက်အခဲကို ဆက်ရင်ဆိုင်ရဦးမယ်လို့ စီးပွားရေး အကဲခတ် ရှိုဂို မာရုယာမက ပြောပါတယ်။ တိုကျိုမြို့တော်မှာ လူတွေက အိမ်ကနေ အလုပ်လုပ် နေကြလို့ လမ်းသွားလမ်းလာ ပိုနည်းလာတဲ့အတွက် စားသောက်ဆိုင်တွေအနေနဲ့ ဆင်ခြေဖုံးတွေမှာ ဆိုင်ခွဲတွေ ဖွင့်တာလိုမျိုး စီးပွားရေးလုပ်ငန်းကို ခွဲဖြာ စီစဉ်ဖို့ စဉ်းစားသင့်တယ်လို့လည်း သူက အဆိုပြုခဲ့ပါတယ်။
2 months Ago
Up