ပစ္စည်းခိုးသွား

October 4, 2021

ရေးမြို့နယ်၌ အန်အယ်လ်ဒီပါတီဝင်၏နေအိမ်ကို စစ်တပ်ကဝင်ရောက်ပြီး လူမတွေ့သဖြင့် ပစ္စည်းခိုးသွား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကမော့ကနင်ကျေးရွာနေ အန်အယ်လ်ဒီပါတီဝင် ဦးသက်နိုင်ရဲ့ နေအိမ်ကို အောက်တိုဘာ ၄ ရက် ဒီမနက် ၆ နာရီအချိန်လောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး လူမတွေ့တဲ့အတွက် ပစ္စည်းတွေ ခိုးယူသွားပါတယ်။ 

ဒေသခံတဦးက “နေအိမ်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသက်နိုင်က မရှိဘူး။ ရှောင်တိမ်းနေတာ ကြာပါပြီ။ မိသားစုတွေလည်း ဒီမှာ မနေကြဘူး။ အခု သူ အိမ်မှာမရှိတော့ သူ့အိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်ရှာဖွေပေမဲ့ မတွေ့ရှိဘဲ နေအိမ်ထဲ ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး  တန်ဖိုးရှိပစ္စည်းတချို့တွေကို ယူဆောင်သွားခဲ့တယ်”လို့ ပြောပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုရက်ပိုင်းတွေမှာ အန်အယ်လ်ဒီပါတီဝင်၊ ထောက်ခံတဲ့သူ တွေနဲ့ အားပေးတဲ့သူတွေကို ပိုမို ဖမ်းဆီးလာနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း ရေးမြို့နယ်ရှိ   အန်အယ်လ်ဒီ အမတ်ဟောင်း ဦးမျိုးဝင်းကို စစ်တပ်ကလာဖမ််းရာမှာ မတွေ့တဲ့အတွက် ဦးမျိုးဝင်းရဲ့ ဇနီးနဲ့ သမီးတို့အပြင် အသက် ၉၀ ကျော် မိခင်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။

3 weeks Ago
Up