ပစ်ခတ် (ရုပ်သံ)

September 29, 2017

လက်နက်ခဲယမ်းတင် ကား ၁၀ စီးကို အီဂျစ်လေတပ် ပစ်ခတ် (ရုပ်သံ)

by dvburma လစ်ဗျားနဲ့ အီဂျစ်အနောက်ပိုင်း ထိစပ်နေတဲ့ နယ်စပ်မှာ လက်နက် ခဲယမ်းမီးကျောက်တွေ တင်လာတဲ့ ကား ၁၀ စီးကို အီဂျစ်လေတပ်က ပစ်ခတ်ခဲ့တယ်လို့ အီဂျစ်အစိုးရက စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။ “နိုင်ငံရဲ့နယ်စပ်တွေက ဗျူဟာမြောက် တပ်ဦးတွေ အားလုံးမှာ လုံခြုံစေဖို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အားထုတ်မှုတွေ ဆက်ရှိနေတယ်။ ရာဇဝတ်သားတွေဟာ ကားတွေသုံးရင်း ဗျူဟာမြောက် အနောက်ဘက် လမ်းကြောကနေ အီဂျစ်နယ်စပ်တွေကို ထိုးဖောက်ဝင်ရောက်လာဖို့ အသင့်ဖြစ်နေပြီဆိုတဲ့ အတည်ပြုထားတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်။ ကျန်ခဲ့တဲ့ ၄၈ နာရီအတွင်း ပစ်မှတ်တွေကို လိုက်ထောက်လှမ်း တိုက်ခိုက်ခဲ့တယ်” လို့ စစ်တပ်က ကြေညာပါတယ်။ လေတပ်နဲ့ နယ်ခြားစောင့်တပ်တွေက မှောင်ခိုသွင်းလာသူတွေရဲ့ လုပ်ငန်းတွေကို ဆက်ပြီး ရှင်းလင်းနေတယ်လို့လည်း ပြောပါတယ်။ အီဂျစ်လုံခြုံရေးတပ်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သူပုန်ထမှုကို ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲနေခဲ့တာပါ။ လတ်တလောမှာ အိုင်အက်စ်တွေက စီနိုင်းကျွန်းဆွယ်ကို ထိုးဖောက်ဝင်ရောက်နေပြီး နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေကို တိုးချဲ့ဝင်ရောက်နေပါတယ်။
4 years Ago

September 23, 2017

အိုင်အက်စ်ပစ်မှတ်များကို ရုရှားရေငုပ်သင်္ဘော ဒုံးကျည်းများဖြင့် ပစ်ခတ် (ရုပ်သံ)

by dvburma ရုရှားရေငုပ်သင်္ဘော တစီးကနေ ဆီးရီးယားနိုင်ငံ အိဒလစ်ဘ်မြို့က ဘာသာရေး စစ်ဝါဒီ ပစ်မှတ်တွေဆီကို ခရုဇ် ဒုံးကျည်တွေနဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ပစ်လွှတ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက ရုရှား တပ်ထိန်းရဲအုပ်စုတစုကို ထောင်ချောက်ဆင် ဝိုင်းဖို့ ကြိုးစားခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားခဲ့တာလို့ လည်း ပြောပါတယ်။ “ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း ဟားမားမြို့နားက အစိုးရ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေကို အိုင်အက်စ် တွေက တိုက်ခိုက်နေပါတယ်၊ ဒါကြောင့် ဆီးရီးယား အစိုးရဘက်ကနေ ကူညီပြီး မြေထဲပင်လယ်ထဲက ရုရှား ရေငုပ်သင်္ဘော ဗီလစ်ကီ နိုဗ်ဂိုရော့ဒ် ကနေ ပစ်ခတ်ခဲ့တာပါ၊  ရုရှား တပ်ထိန်းရဲ ၂၉ ယောက်ဟာ အိုင်အက်စ်တွေရဲ့ ဝိုင်းထားတာကို ခံနေရတယ်” လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါကြောင့် လေတပ်အင်အား ကျောထောက်နောက်ခံ နဲ့ အထူး စစ်ဆင်ရေး တရပ်အတွင်း ဝိုင်းထားတာကို ချိုးဖျက်ဖို့ အင်အားသုံးခဲ့ ပြီးပြီလို့လည်း ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က ကီလိုမီတာ ၃၀၀ အကွာကနေ အိုင်အက်စ်တွေရဲ့ အမိန့်ပေး ဌာနတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အခြေစိုက် စခန်းတွေကို ကာလီဘာ ခရုဇ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up