ပစိဖိတ်သမုဒ္ဒရာ

October 23, 2019

ပစိဖိတ်သမုဒ္ဒရာအတွင်း ငါးဖမ်းလှေပေါ်က ကိုကင်း ၁ ဒသမ ၄ တန် သိမ်းဆည်းရမိ

ပစိဖိတ်သမုဒ္ဒရာထဲက ငါးဖမ်းလှေတစီးပေါ်မှာ ကိုကင်း အလေးချိန် ၁ ဒသမ ၄ တန်ကို ကော်စတာရီကာ အာဏာပိုင်တွေက အောက်တိုဘာ ၂၁ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ကော်စတာရီကာ ရေတပ်သားတွေနဲ့ ကိုလံဘီယာ ကမ်းခြေစောင့်တပ်ဖွဲ့သားတွေ ပူးပေါင်း ကင်းလှည့်မှုအတွင်း ကော်စတာရီကာနိုင်ငံရဲ့ ပစိဖိတ်ကမ်းရိုးတန်းရေပြင်မှာ အဲဒီငါးဖမ်းလှေကို ဖမ်းမိခဲ့ပြီး လှေရဲ့အတွင်းပိုင်းမှာတော့ အိတ်ကြီးတွေနဲ့ ထည့်ထားတဲ့ ကိုကင်းတွေကို တွေ့ခဲ့ရပါတယ်။ ဗဟိုအမေရိကဟာ မြောက်အမေရိကကို အင်အားကြီးမူးယစ်ဂိုဏ်းတွေက တရားမဝင် မူးယစ်မှောင်ခိုကူးတဲ့ လမ်းကြောင်းမှာ အဓိက အချက်အချာကျတဲ့ အကူးအပြောင်း နေရာတခု ဖြစ်လာနေပါတယ်။ ဗဟိုအမေရိကဒေသမှာ မူးယစ်ဂိုဏ်းတွေဟာ တောင်အမေရိကက ရောက်လာတဲ့ ကိုကင်းတွေကို လက်ခံပြီး ရေကြောင်းကနေ မက္ကဆီကိုနိုင်ငံဆီကိုပို့ကာ အဲဒီကနေ အမေရိကန်နိုင်ငံထဲကို မှောင်ခိုသွင်းကြတာ ဖြစ်ပါတယ်။
2 years Ago
Up