ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းပေါ်က သင်္ဘောသား ၃ ဦးကို ကယ်တင် (ရုပ်သံ)

April 10, 2016

ပစိဖိတ်သမုဒ္ဒရာထဲရှိ ကျွန်းပေါ်က သင်္ဘောသား ၃ ဦးကို ကယ်တင် (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာထဲက လူသူအရောက်အပေါက်နည်းက မိုက်ခရိုနီးရှား (Micronesia) ကျွန်းတကျွန်းမှာ ကုန်တင်သင်္ဘောနစ်မြှုပ်ပြီး သောင်တင်နေတဲ့ သင်္ဘောသား ၃ ယောက်ကို အမေရိကန်ရေတပ်က ရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောသားတွေ အဲ့ဒီကျွန်းပေါ်မှာ ၃ ရက်ကြာ သောင်တင်နေခဲ့ပြီး သူတို့ကို ကယ်ဆယ်သူတွေ မြင်သာအောင် Help ဆိုတဲ့စားလုံးကို အုန်းလက်တွေနဲ့ ရေးသားအကူအညီတောင်းခံခဲ့ကြပါတယ်။ အသက်ကယ်အင်္ကျီ တောက်တောက်ပြောင်ပြောင်တွေကို ဝှေ့ယမ်းအကူအညီတောင်းခံခဲ့တယ်လို့ ကယ်တင်ခဲ့တဲ့ အမေရိကန်ရေတပ်အရာရှိတွေက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က Micronesia နိုင်ငံ၊ ပူလပ် Pulap မြို့ကနေ သူတို့ရဲ့ ကုန်တင်သင်္ဘောထွက်ခွာလာပြီး နာရီပိုင်းအကြာမှာ လှိုင်းကြီးတွေနဲ့ ရင်ဆိုင်မိပြီး သင်္ဘောနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။ သင်္ဘောသားတွေ ပျောက်ဆုံးနေတဲ့သတင်းကြောင့် အမေရိကန်ရေတပ်လေယာဉ်တွေ ကယ်ဆယ်ရေးစတင်ပြီး ၂ နာရီအတွင်း သင်္ဘောသားတွေကို တွေ့ရှိခဲ့တာပါ။
6 years Ago
Up