ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ နုတ်ထွက်ရန် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

January 24, 2017

ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ နုတ်ထွက်ရန် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (တီပီပီ) အဖွဲ့ကနေ အမေရိကန်ပြည်ထောင်စုက နုတ်ထွက်ဖို့ အမိန့်ပြန်တမ်းကို သမ္မတသစ် ဒေါ်နယ်ထရမ့် ဇန်နဝါရီ ၂၃ ရက်နေ့မှာပဲ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီ တီပီပီအဖွဲ့မှာ ပစိတ်ကမ်းရိုးတန်းနိုင်ငံ ၁၂ နိုင်ငံပါဝင်ပြီး သမ္မတဟောင်း အိုဘားမားရဲ့ အာရှရေးရာ မူဝါဒတခု ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ သမ္မတ ထရမ့်က လက်မှတ်ရေးထိုးအပြီး ပြောဆိုပါတယ်။ ဒီအမိန့်ပြန်တမ်းကို အမေရိကန်လွှတ်တော်က အတည်မပြုရသေးပါဘူး။ ဒီ တီပီပီ သဘောတူညီမှုဟာ အမေရိကန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကို ထိခိုက်ပြီး နိုင်ငံအတွက် အတော့်ကို ပြဿနာရှိတဲ့ သဘောတူညီမှုလို့ သမ္မတ ထရမ့်က မဲဆွယ်ကာလတုန်းက ပြောဆိုခဲ့ပါတယ်။ အခုလို နုတ်ထွက်ဖို့ကိစ္စကို ဒီမိုကရက်တစ်လွှတ်တော်အမတ် ဘာနေး ဆန်းဒါစ်းကလည်း ထောက်ခံပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုထားတဲ့ ရက်စ် တီလ်လာစန် (Rex Tillerson) ကို လွှတ်တော် နိုင်ငံခြားရေးကော်မတီက ပဏာမအဆင့် သဘောတူထားပါတယ်။
5 years Ago
Up