ပစိဖိတ်စစ်ဌာနချုပ်

May 31, 2018

ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲ ပြောင်းလဲသည့်အခမ်းအနား အမေရိကန်ကာကွယ်ရေးဝန်ကြီးတက်

အမေရိကန်ပြည်ထောင်စု ဟာဝို်င်အီကျွန်း ဟိုနိုလူလူမြို့မှာ မေလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ပစိဖိတ်စစ်ဌာနချုပ် PACOM အကြီးအကဲ ပြောင်းလဲတဲ့ အခမ်းအနားကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် တက်ရောက်ခဲ့ပါတယ်။ အမေရိကန်ရေတပ်ဗိုလ်ချုပ် ဖိလစ်အက်ဒေဗစ်ဆင်ဟာ ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲအနေနဲ့ ၂၀၁၅ ခုနှစ် မေလ ကစတင်တာဝန်ယူခဲ့တဲ့ ဟယ်ရီဘီဟဲရစ်ရဲ့ နေရာကို ပြောင်းလဲ တာဝန်ယူမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ဟာ အဲဒီကနေတစ်ဆင့် စင်င်္ကာပူကို သွားရောက်ပြီး ဖြစ်နိုင်ချေရှိတဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေဆောက်ရွက်နိုင်ချေရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up