ပင်းတယလိုဏ်ဂူ

A d v e r t i s e m e n t With Us

March 29, 2020

COVID-19 လူနာ ဧည့်လမ်းညွှန်သွားခဲ့သည့် ရှမ်းပြည်နယ်က နေရာအချို့ကို Lockdown ပြုလုပ်

COVID-19 ရောဂါအတည်ပြု ဧည့်လမ်းညွှန်နဲ့ ခရီးသည်တွေ သွားလာခဲ့တဲ့ ရှမ်းပြည်နယ်အတွင်း ညောင်ရွှေ၊ ကလော၊ ပင်းတယရှိ တည်းခိုခန်း၊ စားသောက်ဆိုင် နေရာတွေကို မတ် ၂၈ ရက်က Lock down ပြုလုပ်လိုက်ပါတယ်။ “အင်းထဲက ဖောင်တော်ဦးဘုရားလည်း ပိတ်ပြီ၊ အလိုတော်ပေါက်လည်း ပိတ်ပြီ၊ ပင်းတယလိုဏ်ဂူလည်း ပိတ်ပြီ၊ နောက် ထမ်းဆန်းဂူလည်း ပိတ်ပြီ၊ လုံးဝ လက်မခံတော့ဘူး။ အဝင်အထွက်တွေကို။ နောက် လူနာအမှတ် ၈ သွားခဲ့တဲ့ နေရာအကုန် Lock down လုပ်တယ်၊ quarantine လုပ်တယ်” လို့ ရှမ်းပြည်နယ် စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုပါတယ်။ အဲဒီ ဧည့်လမ်းညွန်အမျိုးသမီးဟာ မတ် ၁၉ ရက်က ရှမ်းပြည်တောင်ပိုင်းကို မီနီဘတ်စ် 9J- 8439 ဖြင့် တက်လာပြီး၊ ကလောမြို့မှာ တညအိပ်ပြီး ကလောမြို့မှတဆင့် ပင်းတယလိုဏ်ဂူ၊ ညောင်ရွှေမြို့ရှိ အင်းပေါခုန်၊ စံကားတို့ဘက်ကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနေရာအားလုံးကို ရှမ်းပြည်နယ်အစိုးရက Lock down လုပ်ပြီး ပိုးသတ်ဆေးတွေ ဖျန်းသွားမယ်လို့ ဦးစိုးညွန့်လွင် ကဆိုပါတယ်။ ဧည့်လမ်းညွှန်တည်းခဲ့တဲ့ ကလောဟိုတယ်မှာလည်း hotel quarantine နဲ့ Lock down လုပ်သွားမှာဖြစ်ပြီး ကလောစျေးကိုလည်း ဆေးဖျန်းမယ်လို့လည်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က သူ့ရဲ့ facebook လူမှုစာမျက်နှာကတဆင့် ပြည်သူတွေကို အသိပေးထားပါတယ်။ ခွန်ရာဇာ
11 months Ago
Up