ပင်းတယမီးအိမ်ရှင်

March 13, 2021

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ဖမ်းဆီးခံရ

DVB

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ပုသိမ်ပြည်သူ့ဆေးရုံ အုပ်ကြီးကို မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ဒေါက်တာ သန်းမင်းထွဋ်ကို တိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ အစည်းဝေးလုပ်ဖို့ လာရောက် ခေါ်ဆောင်ရာကနေ ဖုန်းစက်ပိတ်ထားပြီး နောက်ပိုင်း အဆက်အသွယ်မရတော့တာလို့ ဆရာကြီးနဲ့ နီးစပ်တဲ့ လူတွေက DVB ကို ပြောပါတယ်။

ပင်းတယ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး တင်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(ဃ)နဲ့ အမှု့ဖွင့်ဖမ်းဆီးထားတာလို့ မိသားစု၀င်တွေဆီက သိရပါတယ်။

ပင်းတယမီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလို ဖမ်းဆီးခံရတာဟာ မတ်လ ၁၀ ရက်နေ့က တိုင်းကောင်စီရုံးမှာ ပြုလုပ်တဲ့အစည်း အဝေးမှာ ဆေးရုံပြန်ဖွင့်ဖို့ကိစ္စကို လက်မခံခဲ့လို ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပြီး စိတ်ပူပန်နေကြပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီး ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြို့ခံတွေက ရဲစခန်း ရှေ့တွေမှာ သွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

9 months Ago

March 12, 2021

ပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ် ဖမ်းဆီးခံရကြောင်း သတင်းထွက်ပေါ်

ပင်းတယမီးအိမ်ရှင်လို့လူသိများတဲ့  ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အဆက်အသွယ်မရတော့လို့  သူ့ရဲ့မိသားစုက စိုးရိမ်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက  ဒေါက်တာ သန်းမင်းထွဋ်ကို တိုင်းစီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ အစည်းဝေးလုပ်ဖို့လာရောက် ခေါ်ဆောင်ရာကနေ ဖုန်းစက်ပိတ်ထားပြီး ဒီနေ့ည ၈ နာရီအထိ အဆက်အသွယ်မရတော့တာလို့  ဆရာကြီးနဲ့ နီးစပ်သူတွေက DVB ကိုပြောပါတယ်။

ဒေါက်တာ သန်းမင်းထွဋ်ကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိတဲ့အတွက် အဆက်အသွယ်မရရှိသေးပဲ ဆေးရုံအုပ်ကြီး၏မိသားစုက စိုးရိမ်နေကြသလို  ပုသိမ်ဆေးရုံကြီး အနီးတဝိုက်မှာ  ပြည်သူတချို့ကစုရုံးပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဒေါက်တာ သန်းမင်းထွဋ် ခုလို ဖမ်းဆီးခံရတာဟာ မတ်လ ၁၀ ရက်နေ့က တိုင်းကောင်စီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆေးရုံပြန်ဖွင့်ဖို့ ကိစ္စကို လက်မခံခဲ့လို့ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပြီး စိတ်ပူပန်နေကြပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတော့ ဆရာဝန်ကြီးက  ဧရာ၀တီတိုင်းစစ်ကောင်စီရုံးရဲ့ လမ်းတစ်ဖက်ရှိ ဆေးရုံကြီးသို့ လမ်းလျှောက်ပြန်လာချိန်မှာ လမ်းမှာ ရဲနဲ့စစ်တပ်က အင်အားသုံး တွန်းတင်ခေါ်ဆောင်သွားခဲ့တာဖြစ်ကြာင်းနဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖို့  စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြို့ခံတွေက ရဲစခန်းရှေ့တွေမှာ သွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ရှိနေပါတယ်။

9 months Ago
Up