မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ပင်လောင်း
Home
ပင်လောင်း
July 6, 2020
1.4K
ပင်လောင်းနှင့် တာချီလိတ်တွင် ကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ရှမ်းပြည်နယ် ပင်လောင်းနဲ့ တာချီလိတ်မြို့နယ်တို့မှာ ငွေကျပ်သိန်း ၁၈,၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိခဲ့ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ်၊ ဖိုကုန်းကျေးရွာ၊ လိန်းလီကြိုးတံတားမှာ မြမင်းသူ(ခ) ဇင်မင်းကို မောင်းနှင်လာတဲ့ Alphard အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁၆,၂၃၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ယာဉ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့ပြီး မြမင်းသူ(ခ)ဇင်မင်းကို အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
အလားတူ တာချီလိတ်မြို့နယ်မှာလည်း ငွေကျပ် ၁,၆၄၇ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်/ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအုပ်စု၊ ဟွေပူကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၉,၈၀၀ ပြား၊ ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄ တောင့်၊ ပြောက်ကျားပစ္စတိုအိတ် ၁ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
10 months Ago
May 25, 2020
1.1K
ပင်လောင်း အေးချမ်းမြေအပန်းဖြေစခန်းကို လာရောက်သူအလွန်များနေသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှာ ဒေသခံများ စိုးရိမ်
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စုရှိ ဘီလူးချောင်း အေးချမ်းမြေ အပန်းဖြေ နားနေစခန်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာအတွင်း နေ့စဉ်လာရောက်လည်ပတ်သူတွေ အလွန်များတဲ့အတွက် ဒေသခံတွေ ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။
ကပ်ရောဂါကာလအတွင်း မေလ ၃၀ ရက်အထိ လူတွေစုဝေးခြင်းမပြုလုပ်ဖို့ ရှမ်းပြည်နယ်အစိုးရက အမိန့်ထုတ်ထားပေးမယ့် လိုက်နာခြင်းမရှိဘဲ အဲဒီအပန်းဖြေစခန်းမှာ နယ်ဝေးကလာရောက်သူတွေ အလွန်များနေတာပါ။
ဘီလူးချောင်းနဲ့ အနီးဆုံး နန်းတိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းရီ က “အမှန်ပြောရရင် ဒီလိုကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သူများဒေသမှာလည်း ကျနော်တို့ မသွားဘူး။ ကျနော်တို့ဒေသထဲကို ဧည့်သည်တွေလာတာ မကြိုက်ဘူး။ လက်မခံဘူး။ ရောဂါကာလမှာလေ အရမ်းစိုးရိမ်တာပေါ့။ ဘာလို့ဆို လာရောက်တဲ့သူတွေက နယ်ဝေးက လာတာဖြစ်တယ်။ နိုင်ငံခြားကပြန်လာသူတွေလည်း ပါလာနိုင်တယ်။ အဲတော့ အနီးဆုံးရွာကဒေသခံတွေ အဲဒီနားကိုမသွားဘူး။ ရောဂါကူးစက်မှာကို ရာနှုန်းပြည့် စိုးရိမ်တယ်”လို့ ပြောပါတယ်။
အဲဒီအပန်းဖြေစခန်းမှာ တစ်ရက် တစ်ရက် ရပ်နီးရပ်ဝေးကနေ လာရောက်သူ ရာနဲ့ချီရှိနေပြီး ဒေသခံတွေကတော့ လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။
အပန်းဖြေ စခန်းမှာရောက်ရှိတဲ့ ခွန်ချစ်ဇော်က “ဒီနေ့မှာဆို လူတွေ ၂၀၀ ကျော်လောက် လာကြတယ်။ ကားတွေ၊ ဆိုင်ကယ်တွေအပြည့်ပဲ အထဲမှာ တဲလေးလုပ်ထားတာလည်း လူအပြည့်ပဲ” လို့ ပြောပါတယ်။
ဒီလိုလူအများအပြားလာရောက်နေတာနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေက ကွင်းဆင်းစစ်ဆေးသွားမယ်လို့ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။
“မြို့နယ်ကို စိစစ်ခိုင်းထားတာ ရှိတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်နေလို့လေ။ ဒါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ပါနေတော့။ ပင်လောင်းကိုတော့ စစ်ခိုင်းထားတယ်။ မြို့နယ်တွေကလည်း စိစိစစ်စစ်လေးလုပ်ပြီးတော့ သိပ်လူစည်ကားရင်လည်း အခု ကိုဗစ်ကာလ ကလည်း လူတွေသိပ်မစုရဘူးလေနော်”လို့ ပြောပါတယ်။
အဲဒီ အေးချမ်းမြေအပန်းဖြေစခန်းဟာ ကလော-ပင်လောင်း လမ်းမကြီးအတိုင်းသွားရပြီး ကလောမြို့နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ် နဂါးဘိလပ်မြေစက်ရုံအနီးမှာ တည်ရှိတာဖြစ်ပါတယ်။
အဲဒီအပန်းဖြေစခန်းမှာ အရင်က ဝင်ကြေးပေးဆောင်စရာမလိုပေမယ့် အခုအခါမှာတော့ အပန်းဖြေစခန်းသို့ ဝင်ရောက်ပါက လူတစ်ဦးကို ဝင်ကြေးကျပ် ၁၀၀၀ နဲ့ လှေငယ်တစ်စီးကို ကျပ် ၂၀၀၀ ပေးဆောင်ရပါတယ်။
ခွန်ရာဇာ
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up