ပင်လယ်ရေညှိ

October 1, 2020

ဘာလီကျွန်းဒေသခံများ ပင်လယ်ရေညှိလုပ်ငန်း ပြန်စ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်း ရပ်တန့်နေချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစုက လမ်ဘော့ဂံကျွန်းပေါ်မှာ ဒေသခံတွေ ပင်လယ်ရေညှိ မွေးမြူ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။  သူတို့ဟာ ပင်လယ်ရေညှိတွေကို အခြောက်လှန်းပြီး ရောင်းချဖို့ ပြင်ဆင်နေကြပါတယ်။  “ကျနော်တို့ အလုပ်အကိုင် ဆုံးရှုံးကုန်လို့ ဝမ်းနည်းရတယ်။ ခုတော့ အကြမ်းထည်က စပြီး လုပ်နေရပြီ၊ အခြေအနေအရ အသစ်တခု ပြန်စနေရတယ်” လို့ ရေငုပ်လမ်းညွှန်ဟောင်း ဒေသခံ တယောက်က ပြောပါတယ်။  အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်လယ်ရေညှိထုတ်လုပ်သူပါ။ လမ်ဘော့ဂံကျွန်းပေါ်က ရေညှိလုပ်ငန်းဟာ ၁၉၇၈ မှာ စတင်ခဲ့တယ်လို့ အင်ဒိုနီးရှား သဘာဝရင်းမြစ် ကွန်ရက်က ဆိုပါတယ်။  ရေညှိတွေကို အခြောက်ခံပြင်ဆင်ပြီး စားစရာကနေ အလှကုန်ပစ္စည်းထိ ထုတ်ကုန် အမျိုးမျိုးမှာ သုံးဖို့ ပြည်ပကို တင်ပို့ နေပါတယ်။  ကျွန်းသား အများအပြားကတော့ ခရီးသွားလုပ်ငန်းကို ပြန်လုပ်နိုင်ဖို့ တမ်းတနေတာပါ။  ရေညှိ ၁ ကီလိုကို အမေရိကန်ဒေါ်လာပြား ၈၀ သာ ရပြီး ၁ လကို အမေရိကန်ဒေါ်လာ ၃၀၀ ကျော် ၄၀၀ ဝန်းကျင်သာ ဝင်ငွေရတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။   
7 months Ago
Up