ပင်လယ်နက်ဆိပ်ကမ်း

August 15, 2021

တူရကီ ပင်လယ်နက်ဆိပ်ကမ်းမြို့တွင် ရေဘေးသင့်

တူရကီနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းမြို့ ဘော့ဇ်ကွတ်ထ်မှာ ရေဘေးသင့်လို့ အကြီးအကျယ် ပျက်စီးပြီး ဒီလထဲမှာ တူရကီမှာ ဒုတိယအချီ သဘာဝကပ်ဘေးသင့်လို့ လူအယောက် ၄၀  သေဆုံးခဲ့ ပါတယ်။

ကာစတာမိုနူပြည်နယ် ဘော့ဇ်ကွတ်ထ်ခရိုင်ထဲက အဆိုးဆုံး ကပ်ဘေးသင့်တဲ့ ဒေသအနီး ရွာတစ်ရွာမှာ ၃ ရက်အတွင်း မိုးရေချိန် ၁၈ လက်မထိ ရွာခဲ့တယ်လို့ ကပ်ဘေးနဲ့ အရေးပေါ် စီမံခန့်ခွဲရေးညွှန်ကြားရေးမှူးရုံးက မိုးလေဝသအာဏာပိုင်တွေကို ကိုးကားပြောပါတယ်။

 ဘော့ဇ်ကွတ်ထ်မြို့ဟာ ပင်လယ်နက်ကနေ တစ်မိုင်ခွဲသာသာ ဝေးတဲ့ ကာစတာမိုနူပြည်နယ် အီဇီနယ်မြစ်ကမ်းပါးတလျှောက် တောင်ကြားဒေသမှာ ရှိပါတယ်။

တူရကီက ကြုံဖူးသမျှ အဆိုးဆုံး ရေဘေးကြောင့် မြောက်ပိုင်းပြည်နယ်တွေ အခက်အခဲတွေ ကြုံတွေ့ နေပါတယ်။ နိုင်ငံတောင်ပိုင်းက ပြည်နယ်တွေမှာတော့ သီတင်းပတ် ၂ ပတ်ကြာ လောင်နေတဲ့ တောမီးတွေကို ထိန်းချုပ် နိုင်ပြီလို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။ 

4 months Ago
Up