ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ

July 1, 2020

ဧရာဝတီတိုင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ဇူလိုင် ၁၅ ရက်အထိ ပိတ်ထားမည်

ဧရာဝတီတိုင်းအတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရန်ဂျီစတဲ့ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် အပန်းဖြေစခန်းတွေကို ဇူလိုင် ၁၅ ရက်အထိ ထပ်မံ တိုးမြှင့်ပိတ်ထားမယ်လို့ တိုင်းအစိုးရ အဖွဲ့ရုံးက သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေ လျှော့ချပေးခဲ့ပေမယ့်လည်း အပန်းဖြေဖို့ ခရီးသွားလာတဲ့ ကမ်းခြေဒေသတွေရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို လူစုလူဝေးဖြစ်လာနိုင်လို့ ဆက်လက် ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ "တိုင်းအတွင်းမှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စတဲ့ ကမ်းခြေဒေသ ခရီး သွားလာခွင့်တွေနဲ့ အဆိုပါ ကမ်းခြေတွေက ဟိုတယ်တွေကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့အထိ ပိတ်ထားအုံးမှာဖြစ်တယ်"လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အပန်းဖြေသက်သက်နဲ့ လူစုလူဝေးဖြစ်မှာစိုးလို့ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်း တွေကို လကုန်ထိပိတ်ထားအုံးမှာဖြစ်ပြီး မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ကမ်းခြေဒေသရှိ တည်ခိုးခန်းတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ၁၅ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပေမယ့် ခရီးသည်ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သလို ပိတ်ပင်ထားတဲ့ စျေးတွေနဲ့ စျေးဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပါတယ်။ ဧရာဝတီတိုင်းအတွင်း ခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးနဲ့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိပြီး ၁ နှစ်ကို ခရီးသည် သိန်းနဲ့ချီ ဝင်ရောက်လည်ပတ်လေ့ရှိတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
12 months Ago

June 15, 2020

ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ ဇွန်လကုန်အထိ ပိတ်ထားမည်

ဧရာဝတီတိုင်းအတွင်းက ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ နဲ့ ဂေါ်ရန်ဂျီ စတဲ့ ပင်လယ်ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် ခရီးသွား ဧည့်သည်ဝင်ရောက်မှုကို  ဇွန်လ ၃ဝ ရက်နေ့ထိ ပိတ်ထားမယ်လို့  တိုင်းအစိုးရ အဖွဲ့ရုံးက သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေ လျှော့ချပေးခဲ့ပေမဲ့ အပန်းဖြေ ကမ်းခြေဒေသတွေရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေ လူစုလူဝေးဖြစ်လာနိုင်တဲ့အတွက် လကုန်ထိ ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။ "တိုင်းအတွင်းမှာရှိတဲ့ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စတဲ့ကမ်းခြေဒေသ ခရီးသွားလာခွင့် တွေနဲ့ အဆိုပါ ကမ်းခြေတွေက ဟိုတယ်တွေကိုတော့ ဇွန်လ ၃ဝ ရက်နေ့အထိ ပိတ်ထားဦး မှာဖြစ်တယ်”လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တရားဝင်စာမျက်နှာမှ သတင်းထုတ်ပြန်ထားပါတယ်။ မြို့ပေါ်ရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ကမ်းခြေဒေသရှိ တည်ခိုးခန်းတွေကိုလည်း စစ်ဆေးနေပြီလို့  ဒေသခံတွေက ပြောပါတယ်။ ကမ်းခြေဒေသရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို လကုန်ထိပိတ်ထား ပေမဲ့  ခရီးသည်ယာဉ်လိုင်းတွေကိုတော့ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး ပိတ်ပင်ထားတဲ့ စျေးတွေနဲ့ စျေးဆိုင်တွေကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီဖြစ်ပါတယ်။ ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံးနဲ့ တည်းခိုခန်း ၅၉ လုံး၊  ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၃ လုံးနဲ့ တည်းခိုခန်း ၄၆ လုံးရှိပြီး တစ်နှစ်ကို ခရီးသွားဧည့်သည် သိန်းနဲ့ချီ ဝင်ရောက်လည်ပတ်လေ့ရှိတယ်လို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up